ယုံပါ…
အလွမ်းတွေနဲ့ညအိပ်
အချစ်မျက်ဝန်းတစ်စုံက
အိပ်မရအောင် နှိပ်စက်
နမ်းရှိုက်ခွင့်ရတဲ့ မင်းပါးပြင်လေး
လိုချင်မိနေသေးတယ်….
အတူရှိခဲ့တဲ့အချိန်တွေရယ်
မှေးစက်ခဲ့တဲ့ မင်းခေါင်းလေးနဲ့
လက်ဖဝါး နွေးနွေးလေးကို
ဆုပ်ကိုင်ကာ ခနတာချိန်းတွေ့ရတဲ့
ကိုယ့်တို့အချစ်ဇာတ်လမ်းလေး
ခိုးချစ်ရတဲ့အကြင်နာတွေကိုလည်း
ရင်မှာအမြဲတမ်းရှင်သန်နေဆဲပါ….
ခွဲရတော့မယ်ဆိုတာသိပါတယ်
အားပေးစကားတွေလည်း
မရှိတဲ့ကြားက ညစ်ထုတ်
အပြုံးမပျက်အားပေးတတ်တဲ့
ချစ်သူရဲ့မျက်နှာနဲ့အသံလေးကြောင့်
ရင်ဖိုကာ ချစ်စိတ်တိုးနေဆဲပါ…
ဖုန်းပြောခဲ့တဲ့ အချိန်တွေကမနည်း
စိတ်ကောက်လိုက်၊ပြန်ချော့လိုက်နဲ့
အကြင်နာတွေ ပိုလို့တိုး
အချစ်ဆိုးလေးကိုမှ
အချစ်တွေတိုးလို့သာ ချစ်နေမိတော့တယ်…
နေချင်လှပြီကြာပါပြီ
အချစ်ကိုခနထား
ဘဝရေးအတွက်
ခနတာခွဲရမှာ မချစ်လို့မဟုတ်ပါဘူး
အဲဒါ သက်ထားသိပါတယ်
အမိ…အမုန်းမရှိအဆုံးတစ်သက်အထိ
လက်တွေခိုင်မြဲစွာတွဲလို့
လျောက်ကြရအောင်လားကွာ…
အချစ်ခြင်းတွေအတွက်
သက်သေအချစ်စကားတွေ
တစ်နှစ်ပြည့်နှစ်ပတ်လည်မှာ
အမိနဲ့အတူ ရှိနေချင်မိတာ..အမှန်ပါ…
စိုး………
Comment #2
အတူရှိခဲ့တဲ့အချိန်တွေရယ်
မှေးစက်ခဲ့တဲ့ မင်းခေါင်းလေးနဲ့
လက်ဖဝါး နွေးနွေးလေးကို
ဆုပ်ကိုင်ကာ ခနတာချိန်းတွေ့ရတဲ့
ကိုယ့်တို့အချစ်ဇာတ်လမ်းလေး
ခိုးချစ်ရတဲ့အကြင်နာတွေကိုလည်း
ရင်မှာအမြဲတမ်းရှင်သန်နေဆဲပါ….

Comment #3
he,,he,,
mike de kwar,,
ei lay doe 2 yout tway yin thu ka sar htine phat de.
ei lay ka thu nar hmar htin de,p yin thu sar phat tar ko kyi nay me.
dar hma ma hote yin 1 khu khu sar kya de.
lan hlauk kya me,,moke we kya me,,that’s all.
he,,hemm

Comment #4
တစ်နှစ်ပြည့်နှစ်ပတ်လည်မှာအတူတူရှိနိုင်ပါစေနော်….

Comment #1
ကဗျာလေး လှတယ်ဗျာ