ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှု
ကဲရဲ့မှုတွေ၊ဟားတိုက်မှုတွေရဲ့
ပတ်ဝန်းကျင်တွေကြား
ငါတို့နှစ်ယောက် အချစ်ဇာတ်လမ်း
စခဲ့ကြတယ်နော်..
ုခိုးစာတွေ၊ခိုးဖုန်းတွေ
ခိုးတွေ့ရတဲ့အချိန်လေးနဲ့အတူ
ခနတာတွေ့ခွင့်ရဖို့ရေး
အရာရာကိုပေးဆပ်
နမ်းခွင့်ရတဲ့ မင်းပါးလေး
လိုချင်မိသားပဲ……
ပတ်ဝန်းကျင်ရဲ့နှိပ်စက်မှုကို
နှစ်ကိုယ်တူခံကာ
အချစ်လက်ကိုတွဲ
အပြုံးမပျက်၊ဆုံးခန်းထိအောင်
ချစ်နေကြတာဟာ……ချစ်လွန်းလို့ပါ..
ဘယ်သူမသိတဲ့
အချစ်စစ်တစ်ခု
အလွမ်းတွေကသက်သေ
အနမ်းတွေက ရှေ့နေ
ကဲရဲ့ဟားတိုက်မှုတွေက
ဘာလို့နိုင်နေတာလဲကွာ….
ခနတာလေး မြင်ခွင့်ရဖို့
တောင်းဆုတွေလည်း အထပ်ထပ်
နေချင်လှပြီ အဆုံးတစ်သက်
မဝေးချင်တော့သည် မင်းနဲ့….
မနာလိုတဲ့ ပတ်ဝန်းကျင်ရဲ့
ရက်စက်မှုအောက်
ငါတို့နှလုံးသားတစ်စုံ
အပြိုလဲပဲ အဆုံးသက်ထိ
ချစ်ခဲ့ပေးတဲ့ မင်းကို
ချစ်လျက်ပါ……….
နားလည်မှုမရှိသော ပတ်ဝန်းကျင်ရဲ့အောက်မှာ ရည်းစားဖြစ်ရတဲ့ ဘဝလေးများအတွက်
စိုး………
Comment #1
khan sar arr pay twar par d,