နှင်းဆီရသ
ဆူးတွေက ရူးစေတာမှန်ရင်
ဒီနှင်းဆီကို ငါမစိုက်ဘူး ။
ပွင့်လာတဲ့ ပန်းအနီရောင်ကို
ဂုဏ်ယူနေတဲ့ငါ့အတွက်
အဓိပယ်အပြည့်နဲ့ ဒီပန်းက
စိုက်သူအတွက်သာ ရဲရင့်ပြတ်သားခြင်းတဲ့….။
လေအတိုက်မှာ ဝှေ့ယမ်းနေတဲ့
ချစ်ပန်းနှင်းဆီအလှက
စိုက်ပျိုးသူ ငါ့ရင်ထဲမှာတော့
ရင်တမမ….။
ပန်းပျိုးသူ ပန်းမခူးရတဲ့
ဒီသဘာဝကြီးကြောင့်
ငါလေ……
နှင်းဆီကိုလည်း အပြစ်မတင်ချင်တော့ပါဘူး…..
နှလုံးသားမှာလည်းမချစ်ချင်တော့ပါဘူး…… ။ ။
Comment #2
NIceeeeeeeeeeeeeeeeeeeeeee
By: May Kha at Mar 29, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
phyit hma phyit ya lay shin,