နှလုံးသား ပါတော်မူခန်း……
ကယ်စင်တွေ ပျောက်တဲ့….
ညတစ်ည မှာ….
ကျွန်တော့် နှလုံးသားတပ်ဖွဲ့….
ရင်ခုန်သံတွေ ဟစ်ကြွေးပြီးတော့…..
သူ့မျက်ဝန်းနယ်မြေ တစ်ချို့……
သိမ်းပိုက်ဖို့အတွက်….
ထွက်ခွါသွားကြလေရဲ့….
သူ့မျက်ဝန်းနယ်မြေ ရောက်တော့…
ကျွန်တော့် ဘယ်လက်ရုံး…..
အသဲနှလုံးက ပြောတယ်….
ငါတော့ဗိုင်းရပ်(စ်) ထိသွားပြီတဲ့…..
ရင်ခုန်သံကို စစ်ကူတောင်းတော့….
ငါတောင်စည်းချက်လွဲတာကြာခဲ့ပြီတဲ့…
ဒါဆို ဦးနှောက်……
ဦးနှောက်ကို လှမ်းမေးကြည့်တော့….
ဒူးထောက်ဖို့လဲ ဝန်မလေးတော့ဘူးတဲ့….
အဲဒါနဲ့…..
ကျွန်တော် ဟက်ဟက်ပက်ပက်…..
တစ်ချက်ရီလိုက်တယ်…..
ဒါပေမယ့် …..
ကျွန်တော့် နုတ်ကထွက်ပေါ်လာတာ…..
ရီသံတွေ မဟုတ်တော့ဘူး….
မင်းလိုရာစေခိုင်းဖို့…..
ငါ့တိုင်းပြည်ကို သိမ်းသွင်းတော်မူပါတဲ့….။ ။
5-4-2009 (Sunday) တစ်စုံတယောက်ဆီက ရထားတဲ့ကဗျာလေး ကြိုက်လို့တင်တာပါ ကော်ပီပါ ။
Comment #2
မိုက်တယ်……..
By: May Kha at Mar 29, 2012
Comment #3
ei lay ye heart ka par taw mu dar 13 years lout shi nay p,, 😛
By: ei lay at May 10, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
a yan mike de,
a yan mike de,,
a yan khike de.
excellent.
i like both title & poem.