ငါ့ချို့ယွင်းမှု့နဲ့ ၄၂ မှာထစ်သော
ငါ့ချို့ယွင်းမှု့နဲ့ ၄၂ မှာထစ်သော
အသံနက်ကြီး…
အသံနက်နက်နဲနဲကြီးတစ်ခုကြားလိုက်ရတယ်
ဘယ်ကများပါလိမ့်…
အကူအညီတောင်းတဲ့ သဘောနဲ့လား…
ကြောက်ရွံမှု့ကို ဖော်ပြခြင်းလား…
ဒီတစ်ခုပဲ တတ်နိုင်တော့လို့လား…
နာကျင်လို့ အော်လိုက်တာလား…
အဖော်မဲ့ခြင်းကို ဖြေဖျောက်ဖို့လား…
တစ်ခုခုတော့ တစ်ခုခုပဲ အဲ့ဒီအသံက…
ရင်ထဲကိုရောက်လာတယ်
အဲ့ဒီအသံနောက်မှာ..
ရှိုက်သံတွေ ပါလာတယ်
မျက်ရည်တွေ ပါလာတယ်
တောက်ခေါက်သံတွေ ပါလာတယ်
သက်ပြင်းတွေ ပါလာတယ်
မချိရယ်သံတွေ ပါလာတယ်
ရင်ထဲမှာသိနေတယ်…
အဲ့ဒီလူ တစ်ယောက်တည်းပဲ
အဲ့ဒီလူ ခေါင်းတွေကိုက်နေတယ်
အဲ့ဒီလူ အန်ချင်နေတယ်
အဲ့ဒီလူ အမှောင်တွေထဲမှာ
အဲ့ဒီလူ ကဗျာရေးနေတယ်
ရင်ထဲမှာကြားနေတယ်…
ရင်ထဲကလာတဲ့ ရင်ထဲကအသံတစ်ခုကို…
ရင်ထဲမှာ…
ရင်ထဲက…
မြေနံ့
၂၆.၃.၂၀၁၂
Comment #2
လူလို သူလို နာကျင် …လူလို သူလို ရှင်သန်…

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တထစ်ပြီးတထစ်ချို့ယွင်းလာတယ် . . အသံတွေရဲ့
တုန်ခါအက်ကွဲမှုနှုန်း . . . ထို့ကြောင့် ရှင်သန်နေကြဆဲ !!