ကင်ဆာ
ဘ၀က ဘ၀နဲ့မတန်အောင် လေးဘက်လေးတန် မွန်းကြပ်လွန်းတော့
လူက လူနဲ့မတူအောင် ပွက်ပွက်ဆူနေတယ်
သောက်နေရတဲ့ကော်ဖီခါးခါး စိတ်ကို မချိုစေတော့ဘူး
အနက်ရောင်နေ့စွဲတွေထဲ စိမ်းလန်းအောင် ဘယ်လိုပွင့်နေရမလဲ
မပျော်ရရင်လည်း နေပါစေတော့၊အခက်အခဲတွေကို မကျော်ဖြတ်ချင်တော့ဘူး
အားပေးစကားတွေ နားထောင်ရလွန်းလို့ မောလှပါပြီ
ဒီတစ်ခါ ဟာသပဲ ပြောတော့
ကိုသျှား
Comment #2
ကော်ဖီခါးခါးကိုဆက်လက်သုံးဆောင်ပါ .. 🙂
By: နတ်သမီး at Mar 30, 2012
Comment #4
မပျော်ရရင်လည်း နေပါစေတော့၊အခက်အခဲတွေကို မကျော်ဖြတ်ချင်တော့ဘူး
အားပေးစကားတွေ နားထောင်ရလွန်းလို့ မောလှပါပြီ
ဒီတစ်ခါ ဟာသပဲ ပြောတော့
By: May Kha at Mar 31, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျတော်လည်း ဟာသတွေကြားချင်မိနေပြီ ဘယ်လိုလူတွေ ဘာဟသတွေ ပြောနိုင်ဥိးမလဲ သိချင်မိနေပါ၏