ဇာတ်သိမ်းခန်းက အပြန်
အဆိုးတွေက အသိဥာဏ်မှာ မွေးဖွား..
က လိုက် ခုန် လိုက် မြူးကြွလိုက်နဲ့…
တနေ့တာ ဇာတ်လမ်းတွေဆုံးတဲ့ အထိ…
မနေ့က အမေပြောလိုက်တဲ့ စကား…
မင်းတို့ နှလုံးသားထဲ အတွေးထဲ စဉ်းစားကြည့်…
ပြောင်းလွဲမှုတွေနဲ့ ပြည်ကြီး တိုးတက်ဖို့…
လူငယ်တွေ ရှေ့သို့ ချီတပ်…
ငါတို့… အသိတရားရဲ့ နောက်ကွယ်မှာ
သူတို့…သူတို့ ခြေချုပ် မမိစေနဲ့… ရှေ့တက်ခဲ့…
နှစ်ကူးကိုရောက်ရင် အသစ်ထူးတဲ့…
ခြေလှမ်းတွေနဲ့ အနာဂတ်အရေးတွေ…
မျှော်ကြည့်လို့ အမေပြောခဲ့တဲ့ စကားတွေလည်း…
အကြိမ်ကြိမ်ထိခတ်တဲ့ နာရီ လက်တန်တွေလို
ငါတို့ .. နှလုံးသားမှာ ဆက်ဆက်ထိ..
အဖေပြောဖူးတယ် ပြည်ကြီးအတွက်..
စည်းလုံးညီညာ အောင်ကြောင်းဖြာတဲ့…
အခုတော့လည်း နွေတံခူးကို ရောက်ခဲ့…
မီးက ပျက် အလုပ်က ပျက်…
အိပ်ရေးက ပျက် တနေ့လုပ် တနေ့စား…
ရှစ်နာရီပေးတဲ့ လျှပ်စစ်အား စိတ်ပျက်မိတာ အမှားလား..
အို… မပြောနဲ့ မပြောလိုက်ပါနဲ့…
အရှေ့ပေါက်က စကားပြောတာဆို…
နောက်ပေါက်က ဖမ်းမယ်ဆို…
ကက်ဆက် ရေဒီယို စစ်ဆေးရတော့မလိုတဲ့…
ပြီတော့လည်း.. အင်းစိန်ဆို..
နောက်တော့လည်း… ကားပြာကြီးထဲက..
ငါတို့ ဆင်းသက်လို့ အခန်းကျဉ်းတဲ့…
ဇာတ်သိမ်းခန်းက ပြန်ခဲ့ရတာပဲ…။
တက္ကသိုလ်မြတ်မင်း
Comment #1
really nice