လွမ်းတယ်
လွမ်းတယ်…
ငါ့ညတွေမှောင်လာတဲ့အခါ
အဲဒီညနေတွေ
လွတ်လပ်စွာစီးဆင်းနေတဲ့အပြာရောင်လမ်းတွေ
ရိုးသားတဲ့ဖုန်လုံးကြီးတွေ
ဖော်ရွေရှားပါးတဲ့လူသားဆန်ဆန်အပြုံးတွေ
လူ့လောကကိုစတင်နှုတ်ဆက်လိုက်တဲ့အပြစ်ကင်းငိုသံတွေ
ငါခင်ခွင့်ရခဲ့တယ်….
ငါတွေးနေမိတယ်….
သူ့ရဲ့ရွှေအတွေ့အကြုံတွေကို
မမောတမ်းရှင်းပြနေတုန်းပဲလား( HA ကြီး)
“၀မ်းတွင်း”ကမြင်းတွေသူတို့စတိုင်အတိုင်းရပ်နေကြတုန်းလား
စက္ကူပန်းတွေအရောင်အသွေးစုံနေတုန်းပဲလား
“မခင်မိုး”ကောနောက်တစ်ဗိုက်အတွက်အားမွေးထားပြီလား
ငါမုန့်ကျွေးဖူးတဲ့ခွေးကြီးကောအရင်လိုအပျင်းထူတုန်းပဲလား….
လွမ်းတယ်…
TMO ရဲ့ဖက်ကြမ်းဆေးလိပ်တိုကိုလွမ်းတယ်
ပြုံးရယ်မဲ့တဲ့ mask face (သို့) သက်ငြိမ်ပန်းချီကားကိုလွမ်းတယ်
ဝတုတ်မလေးကိုလွမ်းတယ်
ခွေးချစ်တဲ့အပျိုကြီးမမ ကိုလွမ်းတယ်
ဂစ်တာတီးနေတုန်းလာပြောတဲ့ AS မမကိုလွမ်းတယ်
ဖုန်းဆိုင်ကမမ ကိုလွမ်းတယ်
စေတနာဟင်းတွေချက်ကျွေးတတ်တဲ့
“ဧရာဝတီ” က ကိုကြီးကိုလွမ်းတယ်
အဖြူရောင် T shirt နဲ့ကောင်မလေးကိုလွမ်းတယ်
မခင်မိုး ရဲ့သမီးလေးကိုလွမ်းတယ်
ကွမ်းယာဆိုင်ကိုလွမ်းတယ်
ည ၁၀ နာရီကျော်ရင် “ဆန်းသစ်” ကိုလွမ်းတယ်
ကြည့်တတ်မြင်တတ်ရင်အားလုံးကလွမ်းစရာချည်းပဲ,,,,,,
နွေနေ့လည်ခင်းမှာ
ငါ့ကို ငါတောင်အငွေ့ပျံမတတ်
ပြန်လွမ်းမိသေးရဲ့ ,,,,,,,
င်္Final part 1 ၀မ်းတွင်းTrip ကိုအမှတ်တရ
Comment #4
လွမ်းတယ်…
ငါ့ညတွေမှောင်လာတဲ့အခါ
အဲဒီညနေတွေ
လွတ်လပ်စွာစီးဆင်းနေတဲ့အပြာရောင်လမ်းတွေ
ရိုးသားတဲ့ဖုန်လုံးကြီးတွေ
ဖော်ရွေရှားပါးတဲ့လူသားဆန်ဆန်အပြုံးတွေ
လူ့လောကကိုစတင်နှုတ်ဆက်လိုက်တဲ့အပြစ်ကင်းငိုသံတွေ
ငါခင်ခွင့်ရခဲ့တယ်…
Comment #5
Lwan htar de Thu tway ka le myar like Dar naw.
Comment #1
ဟဟ..
မိုက်တယ်ဗျို့…
ကျွန်တော်က ၀မ်းတွင်းသားဗျို့…။