နှင်းဆီမြှား
မ ရယ် အဲဒီ တစက္ကန့်လေးပဲ ပြန်ပေးနိုင်မလား
တိုးညှင်းနေတဲ့လေအေးပေးစက်အောက်မှာ
ပန်းနုရောင် ပြေးနေတဲ့ နုနုထွေးထွေးပါးပြင်လေးဟာ
ကန္တာရထဲက အိုအေစစ်ကို လက်ဆွဲခေါ်သွားပေါ့
မကြာပါဘူး
ကျွန်တော့်မှာ လက်တွေ့နဲ့အိပ်မက်ကို ခွဲခြားသိလိုက်ရလို့
စိတ်ကူးအသိမှာ မျက်ရည်နဲ့ရယ်ခဲ့ရပေါ့
နှလုံးသားကို ထုတ်ချင်းခတ်တဲ့မျက်နက်ဝန်းတစ်စုံဟာ
ဒီကောင့် ရင်ဘတ်ကို စကားတခွန်းမဆိုပဲ
သိမ်းပိုက်ခဲ့လေရဲ့
ဒါပေမဲ့ ခဏချင်းပဲ ခလုတ်တစ်ချက်နှိပ် ဇီဝိန်ချွေလိုက်သလို
ဒီကောင်ဟာ သဲသောင်ပြင်ပေါ် အရုပ်ကြိုးပြတ်လဲကျလေရဲ့
နှုတ်ခမ်းကတော့ မသိတဲ့ မ နာမည်ကို
တတွတ်တွတ်ရွတ်ဆိုဆဲ
မ နတ်တို့ရဲ့စောင်းကြိုးညှိသံနဲ့
ဘာကြောင့်ရယ်မှန်းမသိ
မ နဲ့ ပတ်သက်ရင် ရင်ထဲမှာ နိဗ္ဗာန်ဘုံပဲ
တစွန်းတစကြားလိုက်တဲ့စကားသံများကြား
မ ရယ် ကျွန်တော် အိပ်မက်မက်သလိုေ၀၀ါးခဲ့ရတယ်
ဒီေ၀၀ါးမှုကြားမှာ သေချာဆုပ်ကိုင်ထားမှုက
သုည တဲ့
အဝေးက ငှက်ကလေးတွေ တေးဆိုသံ
သစ်ရိပ်သစ်ပင်စိမ်းစိမ်းစိုစိုနဲ့
ရထား ဥသြသံကြားစဉ်
အနားမှာ မ လာရပ်လိုက်တော့
ကျွန်တော်ပျောက်ဆုံးသွားတယ်။
Comment #3
hote de lay…
“ma” ka lar dot hma shin ka pyout twar de so?
poem 1 khu lone ko phat lar dar feeling a yan myint nay p,,
a sone hmar kya hma ,,,,,,
Comment #5
hote dar pop..
ei lay lo nga tone tway phat mi yin po soe de,,he,,he,,
a khu lo shin pya pay tar pyaw like dar,,,kyay zu tin par de shin.
ma khan sar tat bu loh so yin le ma tat naing bu lay,,,he,,he,,
ei lay hma ma ti tar,,ma ti tar ko mae ya loh shat par bu,,
ma ti tar g ko han saung p tat yaung kar dot lone wa loak naing bu.kwi,,kwi,,
Comment #1
why?