ဘာသာစကားသေဆုံးခြင်း
ချစ်သူ
ပထမဆုံးရင်ခုန်သံနှင့်အတူ
ဘာသာစကားသည်
ကျွန်ုပ်အား တီးတိုးစကားဆိုလေသည်။
ချစ်ရသူ၌ ရောင့်ရဲခြင်းမရှိ
ထိုအခြင်းအရာသည် လူသားအား
ဘာသာစကားသည်
နှလုံးသား၏ အတွင်းအကျဆုံးသော
ခံစားချက်များအား
ပြည့်စုံစွာဖော်ပြခြင်းငှာ
မတတ်နိုင်
ထိုအချိန်တွင်…….. ။ ။
Comment #2
ဘာသာစကားဆိုတာထက် စကားလုံးဘောင်ကိုကျော်သွားတယ်ထင်တယ်။
By: မိုးသစ်လေပြည် at Mar 30, 2012
Comment #3
အိလေး … တွေးစရာတွေများနေတယ်ထင်တယ်။
မိုးသစ်လေပြေ .. ဟုတ်ပါတယ်. စကားလုံးတွေ မလုံလောက်တဲ့ ဝေဒနာ ကို ခံစားရတာပါ။
By: kozay at Mar 30, 2012
Comment #4
hote,,,
he,,he,,
ei lay like loh ma hme dot bu,,
By: ei lay at Mar 30, 2012
Comment #5
ဘာသာစကားသေဆုံးတာဟာ ကဗျာသေဆုံးတာ ဒါမှမဟုတ် ကဗျာသေဆုံးတာဟာ ဘာသာစကားသေဆုံးတာ အဲသည့်သဘောတရားတွေကို အခြေခံပြီး စာသားတွေနဲ့ ရောယှက်ထားတာ ဒါမှမဟုတ် စာသားတွေကိုလွန်မြောက်တဲ့ (textscape installation art) တွေပေါ်လာတယ်လို့မြင်ပါတယ်။
By: မိုးသစ်လေပြည် at Mar 31, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
lots of thoughts?