တိတ်တဆိတ်
” တိတ်တဆိတ် “
လေချွန်ပြီး ကျောင်းတဲ့ ဘဝပေါ့
အနှစ်သုံးဆယ်နီးပါး
မြေကြီးထဲ စိမ်ခဲ့ပေမဲ့
အခုချိန်ထိ ရောင်းတန်းမဝင်သေးဘူး။
အခင်းအကျင်းမှာ ကိုယ်က အောက်ဆုံးတန်း
ကပ်ပေးထားတဲ့ တံဆိပ်ကိုက ကော်မမြဲဘူး။
စိတ်အံသေနေတဲ့ လက်ချောင်းတွေနဲ့
ကိုယ့်ကိုကိုယ်
ဆွဲဖောက် ဖွင့်ထုတ်ပစ်လိုက်တယ်
ဖောင်းခနဲ့
ပွင့်ထွက်သွားတဲ့ ရင်ဘတ်မှာ
သွေးတွေမစီးဘဲ မျက်ရည်တွေစီးတာ
အံ့သြစရာ
ကိုယ့်ကိုကိုယ် ခုံးမောက် ရုန်းလွှင့်ကြည့်တော့လည်း
ခူးခံထားရတဲ့ အညွန့်လေးက
အတောင်မပေါက်သေးဘူး။
ပတ်ဝန်းကျင်မှာ ငယ်နံ့မပျောက်သေးတဲ့ ကျွန်တော်
အရောင်ကန်းနေတဲ့ ခဲတံတွေ ချွန်နေမိတယ်
တမျှော်တခေါ်
ငေးကြည့်မိတာ ကိုယ့်အရပ်ကိုယ်ပါ
ဒါတောင်
မမှီလို့ တုံးခုပေးထားခဲ့ရတာ ကြာပြီ။
တဖြည်းဖြည်းနဲ့ ကျွန်တော် မမြင်ရတဲ့ အရာတွေထဲ
ကျွန်တော်လည်း ပါဝင်လာခဲ့တယ်
အခု
ကျွန်တော် ပြောတာကို ကျွန်တော် မကြားဘူး
အဲဒါကြောင့်
ကျွန်တော် ဘာပြောလဲ ကျွန်တော် မသိဘူး
ခေါ်သံတွေကို မောင်းထု လိုက်မှ
ကြေးစည်သံက အရိပ်အဖြစ်နဲ့တောင် ပြန်မလာတော့ …………….။ ။
ချီရွန် ( ပုလဲ )
Comment #2
phat shu arr pay twar par d
Comment #3
ပွင့်ထွက်သွားတဲ့ ရင်ဘတ်မှာ
သွေးတွေမစီးဘဲ မျက်ရည်တွေစီးတာ
အံ့သြစရာ
ကိုယ့်ကိုကိုယ် ခုံးမောက် ရုန်းလွှင့်ကြည့်တော့လည်း
ခူးခံထားရတဲ့ အညွန့်လေးက
အတောင်မပေါက်သေးဘူး။
Comment #5
ပတ်ဝန်းကျင်မှာ ငယ်နံ့မပျောက်သေးတဲ့ ကျွန်တော်
အရောင်ကန်းနေတဲ့ ခဲတံတွေ ချွန်နေမိတယ်
တမျှော်တခေါ်
ငေးကြည့်မိတာ ကိုယ့်အရပ်ကိုယ်ပါ
ဒါတောင်
မမှီလို့ တုံးခုပေးထားခဲ့ရတာ ကြာပြီ။
ကိုယ့်ကဗျာကိုယ် ပြန်လာ အားပေးတယ်ကွ။ ကျွန်တော့် ကဗျာကို ဖတ်ရှုအားပေးသွားကြသော SoFarAwayFromU ၊ ei lay ၊ ကံ့ကော်မောင် ၊ အသဲကွဲမိုး တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း ………
Comment #6
တဖြည်းဖြည်းနဲ့ ကျွန်တော် မမြင်ရတဲ့ အရာတွေထဲ
ကျွန်တော်လည်း ပါဝင်လာခဲ့တယ်
အခု
ကျွန်တော် ပြောတာကို ကျွန်တော် မကြားဘူး
အဲဒါကြောင့်
ကျွန်တော် ဘာပြောလဲ ကျွန်တော် မသိဘူး….
ကျွန်တော်မသိတဲ့ ကျွန်တော်ပါပဲ….
Comment #1
တဖြည်းဖြည်းနဲ့ ကျွန်တော် မမြင်ရတဲ့ အရာတွေထဲ
ကျွန်တော်လည်း ပါဝင်လာခဲ့တယ်
အခု
ကျွန်တော် ပြောတာကို ကျွန်တော် မကြားဘူး
အဲဒါကြောင့်
ကျွန်တော် ဘာပြောလဲ ကျွန်တော် မသိဘူး………