ဒဂုံတက္ကသိုလ်လွမ်းချင်း
ကျောင်းတော်ကြီးမှာ ပညာသင်ကြား
မှုန်ရီဝါးတဲ့ အချစ်တစ်ခုရှိတယ်
ကျွန်တော်တက်ခဲ့တာ အဆောင်သုံးဆယ့်ကိုး
ဘယ်တော့မှလည်းမေ့လို့မရ
အဓိပတိလမ်းနဲ့ စစ်ကိုင်းလမ်းမရှိလည်း
အကြင်နာလမ်းနဲ့ ဝေဒနာအလွမ်းရှိတယ်
ကြင်နာတတ်သော ချစ်သူမရှိပါ
စာနာတတ်သော သူငယ်ချင်းများ
ပစ္စုပ္ပန်ဟာအတိတ်အဖြစ် ကျန်ရစ်ခဲ့သောအခါ
ကျွန်တော်တက်ခဲ့သော ဒဂုံတက္ကသိုလ်
ဘယ်သောအခါမှမမေ့ပါဘူး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,,
really nice,
af reading this poem..want to uni at once.