ဘယ်တော့မှ နီးနိုင်မလဲ..
ခွဲရမှာကို ကြိုသိလည်း
ရင်မှာထာဝရချစ်နေဆဲပါ..ချစ်သူ
မချစ်လို့ မနှစ်သက်လို့
ခွဲရတာမှမဟုတ်တာ
ဘာဖြစ်လို့ ငိုရမှာလဲ..
ဘာဖြစ်လို့ ဆွေးရမလဲ
ဒါပေမဲ့ မင်းကိုအားပေးရင်းနဲ့
ငါမင်းနဲ့ခွဲရမှာ ကြောက်မိတယ်…
လက်ဖ၀ါးနုနုလေးကို ဆုပ်ကိုင်ကာ
မင်းနဖူးလေး နမ်းခွင့်လေးတော့ရချင်သေး
ကဲရဲ့မှု၊မနာလိုမှုရဲ့ ပတ်ဝန်းကျင်အောက်
တို့နှစ်ယောက်အချစ်ဇာတ်လမ်း
အဝေးကနေပဲ ချစ်နေရတာ
မလိုချင်ဘူးကွာ…
ငါမလိုချင်တော့ဘူး
ချစ်နေလျက်နဲ့ ဝေးနေရတာ
ဘယ်ရေစက်ကြောင့်လဲ
ဘယ်ကမ်းကပ်လို့ ဝေးရတာလဲ
ပြောစမ်းပါကွာ…
ခွဲရက်တွေကလည်း နီးလာ
မတွေ့ရတာလည်း သိပ်ကြာ
ရှိနေချင်လှပြီ မင်းနဲ့ကွာ…
ချစ်သူရယ်..
နှစ်ယောက်စလုံး ကြိုသိနေလည်း
မနက်ဖြန်များစွာက နှိက်စက်
အချိန်ဆိုတဲ့ ကန့်သတ်ချက်တွေကလည်း
ငါ့ရင်မှာ ပြင်းထန်နေပြီ…
မလိုချင်ဘူး..
အလွမ်းအဆွေးတွေ
ခွဲခွာခြင်းတွေကို
အေးချမ်းသာယာတဲ့
မင်းနဲ့တွေ့ရချိန်းလေး
အမြဲတမ်းလိုချင်မိတယ်…
ကဗျာလေးလည်း ကာရံထပ်
မခွဲချင်တော့တာ နောက်ထပ်
ရှိနေချင်လှပြီ တို့တသက်..
ခွဲခွာခြင်းဟာ ငါအတွက်တော့
ဖွဲမီးလိုပဲ ငါရင်ကို
တဖြည်းဖြည်းနဲ့ လောင်ကျွမ်းနေပြီ….
ချစ်သူရယ်…အဝေးကနေပဲချစ်နေရတဲ့
တို့နှစ်ယောက်အချစ်ဇာတ်လမ်း
ဘယ်တော့များမှ နီးနိုင်ပမလဲကွာ…
အမြန်ဆုံးနီးချင်တယ်…..ကဲရဲ့မှုရဲ့ ပတ်ဝန်းကျင်အောက်မှ လွတ်မြောက်ရပါစေ…
စိုး……..
Comment #2
the most important is u.
no need to care of ur surrounding.
u are what u did,
Comment #1
ခွဲခွာခြင်းဟာ ငါအတွက်တော့
ဖွဲမီးလိုပဲ ငါရင်ကို
တဖြည်းဖြည်းနဲ့ လောင်ကျွမ်းနေပြီ…