Professional Authors

ချစ်သူရဲ့ ချစ်သူ

သူ့မှာ ကိုယ်မရှိလို့ မဖြစ်ဘူးတဲ့….
ဟုတ်ကဲ့….ကျွန်မှာ ရှင်မရှိလဲဖြစ်ပါတယ်….
ရခဲ့ဖူးတဲ့အမှတ်တရတွေကို တစ်သက်စာ သိမ်းထားလိုက်လို့….
ကျွန်မ မှာရှင်မရှိလဲဖြစ်ပါတယ်…..

မင်းထက်ပို နူးညံ့တယ်တဲ့
ဟုတ်ကဲ့….မိန်းမ မဆန်တာဝန်ခံပါတယ်
ရှင်တစ်ယောက်ထဲအတွက် သီးသန့်….မျက်ဝန်းတွေနဲ့ စကားတွေကို…..
မျက်ကွယ်ပြုရက်လေသလား…..

မင်းက မာနကြီးလွန်းတယ်တဲ့
ဟုတ်ကဲ့…..ယှဉ်ပြိုင်ခြင်းနဲ့ပတ်သက်လာရင် မာနကြီးတတ်ပါတယ်
ဒါပေမယ့်….ရှင့်ရှေ့မှာ ဒူးထောက်ပြီး ရှင်တစ်ဆိုရင် နှစ်မပြောရဲတာ…
ကျွန်မ မာနကြီးသတဲ့လား….

မင်း စိတ်ဓာတ်က မာကျောလွန်းတယ်တဲ့…
ဟုတ်ကဲ့….လောကဓံနဲ့ယှဉ်ရင် မာကျောပါတယ်
ဒါပေမယ့်….ကိုယ့်ကိုကျောခိုင်းသွားတဲ့ယောက်ျားတစ်ယောက်ကို…ပြန်လာဖို့ ခယနေရတာ…
ကျွန်မ စိတ်ဓာတ်က မာကျောသတဲ့လား….

တရားရုံးသာရှိရင်လေ…..
စွပ်စွဲချက်တွေကို ရှေ့နေမလိုပဲ ပြန်ချေပလိုက်ချင်တယ်…..
ကျွန်မ မိန်းမ မဆန်ဘူး….ဖြစ်နိုင်ပါတယ်…..
ဝမ်းနည်းရင်တောင်….သူပါစိတ်ညစ်မယ်လေဆိုပြီး ငိုမပြရဲခဲ့တာ….
ပြသနာတွေ့တိုင်း….အပူမပေးချင်လို့…ကိုယ့်ဟာကိုယ်အားတင်းပြီးဖြေရှင်းခဲ့ရတာ….
မျက်နှာတောင်တစ်ချက်အညိုမခံ…..စကားနဲ့တောင်ပြောစရာမလိုပဲ…
လိုသမျှဖြည့်ဆည်းပေးနေတာ….
ကျွန်မက…မိန်းမ မဆန်ဘူးတဲ့လား……

မာနလဲ ကြီးချင်ပါတယ်….
စိတ်ဓာတ်လဲမာကျောချင်ပါတယ်….
လှည့်ထွက်သွားတဲ့လူတစ်ယောက်ကို….မုန်းလိုက်မေ့လိုက်ချင်ပါတယ်…
ဒီနေ့အထိ…..သတိရနေ…မျှော်လင့်နေမိတာ….
ကျွန်မက မာနကြီးပြီး စိတ်ဓာတ်မာကျောသတဲ့လား…..

ပြောပြချင်တယ်…
မပျော်ဘူးဆိုရင်…ပျော်မယ့်နေရာကိုထွက်သွားလိုက်ပါ….
နင်ထားခဲ့တဲ့နေရာလေးမှာ….ငါ ဒီအတိုင်းလေးပဲစောင့်နေပါရစေ….
ပြန်လာချင်တဲ့အချိန်ပြန်လာခဲ့ပါ….
ငါ အမြဲကြိုနေပါ့မယ်…..

နင် ကြိုက်တဲ့သီချင်းတွေကို ငါ အလွတ်ရနေတုန်းပဲ…
နင် ကြိုက်တဲ့ ဟင်းတွေကို….ငါ ချက်စားနေမိတုန်းပဲ…
နင် ကြိုက်တဲ့ဟာလေးတွေ တွေ့ရင်….နင့်အတွက် ၀ယ်ထားနေမိတုန်းပဲ…
နင် ကြိုက်တတ်တဲ့အရောင်တွေကိုပဲ….ငါ ၀တ်နေမိတုန်းပဲ…
လမ်းသွားတိုင်းလဲ….နင့်ကိုတွေ့ရမလား…မျှော်နေမိတုန်းပဲ…
နင်နဲ့ တူတဲ့သူတွေ့တိုင်းလဲ…နောက်က လိုက်ကြည့်မိတုန်းပဲ…
ကိုယ်မသိတဲ့ ဖုန်းနံပါတ်တစ်ခု လာရင်…နင်များလားလို့ ရင်ခုန်နေတုန်းပဲ…
ဂျီတော့ ဖွင့်တိုင်း offline ဖြစ်နေတဲ့ နင့်နစ်ကို ငေးကြည့်နေမိတုန်းပဲ…
ညတိုင်း…နင်ပေးထားတဲ့အရုပ်ကလေးကို ဖက်အိပ်နေတုန်းပဲ…

တွေးမိပါတယ်…
နင် ချစ်တဲ့ကောင်မလေးကကော….
နင် မျက်နှာညိုရင်ဘာကြောင့်…..မျက်ခုံးတွန့်ရင်ဘာကြောင့်….နှုတ်ခမ်းတွန့်ရင်ဘာကြောင့် ဆိုတာသိရဲ့လားလို့…
ဟားဟားလို့ရီရင်ဘာကြောင့်….ဟက်ဟက်လို့ ရီရင်ဘာကြောင့်….အဟင်းအဟင်းလို့ရီရင်ဘာကြောင့်ဆိုတာသိရဲ့လားလို့…
နင်တစ်ခုခုကိုလိုချင်ရင်ဘယ်လိုလေသံ….စိတ်အလိုမကျရင်ဘယ်လိုလေသံ….စိတ်ဆိုးရင်ဘယ်လိုလေသံဆိုတာ…သူနားလည်ရဲ့လားလို့…
နင်ကြိုက်တဲ့ အစာတွေကိုကော…သူသိရဲ့လား…
နင်ကြိုက်တဲ့သီချင်းတွေကိုကော…သူဆိုတတ်ရဲ့လား….
နင် စိတ်ညစ်နေတဲ့အခါတွေမှာတောင်….ရီချင်လာအောင် နှစ်သိမ့်ပေးနိုင်ရဲ့လားလို့….
ဒါမှမဟုတ်…..သူပျော်နေတာကိုပဲ….နင်ကကြည့်ပြီးပျော်ရွှင်နေခဲ့တာလား…..

ဒါဆိုရင်လေ….
နင်စိတ်ညစ်ပြီး….အခက်အခဲတွေနဲ့ တွေ့တဲ့အခါတိုင်း…
ငါ့ဆီပြန်လာခဲ့ပါလား….
ငါ နင့်ကိုပျော်ရွှင်စေမယ်လို့ယုံတယ်….နင့်အခက်အခဲတွေကို ကူရှင်းပေးနိုင်လိမ့်မယ်လို့ယုံတယ်…

ချစ်ရသူရဲ့ ချစ်သူကိုလဲ တောင်းပန်ချင်တယ်…
သူသာ ကျွန်မဆီ ပြန်လာခဲ့ရင်….ငြင်းဆန်ဖို့အင်အား…တကယ်မရှိလို့ပါဆိုတာကိုပေါ့…..

(မချစ်တော့ပါဘူးလို့ ပြောသွားတဲ့လူတစ်ယောက်ကို….ပြန်လာဖို့မျှော်လင့်နေမိတာ….ပြန်လာတိုင်းလဲ…ဆီးကြိုနေမိတာ…
ကျွန်မ ဘယ်လိုလုပ်သင့်သလဲ….)

In: ကဗျာ Posted By: Date: Jul 22, 2009  
Comment #1

ညီမလေး ရေ အမတောင်ဖတ်ပြီး ၀မ်းနည်းသွားသလိုပဲ

commentinfo By: lwanhlainge at Jul 22, 2009
Comment #2

အရမ်းကောငိးတယ်

commentinfo By: thukhacho at May 28, 2010
Comment #3

အရမ်းကောငိးတယ် ခံစားချက်နဲ့ထပ်တူကျတယ်

commentinfo By: thukhacho at May 28, 2010
Comment #4

ဖတ်ရတာ ထပ်တူခံစားရပါတယ် … ညီမလေးလဲ မမလိုပဲ သူပြန်လာ၇င် လက်ခံမိမှာကြောက်နေတယ် .. တကယ်တော ပြန်လက်ခံလိုမရတောတဲ့သူတစ်ယောက်ပါ …… မမလိုပဲ ညီမလေးလဲ နေရာတိုင်းမှာ သူအရိပ်တွေပဲ မြင်နေတယ် … နံနက် စာ စားအခါ … …………………………………………အားလုးံပေါ မမရယ် ……… မမ ဆက်ရေးနော် မမရဲ့ကဗျာလေးတွေကို အားပေးနေမယ်နော် ..

commentinfo By: Nyimalay at Sep 5, 2010
Comment #5

ကောင်းလွန်းပါတယ်ဆိုတဲ့ စကားထက် သာတာရှိရင် အဲ့ဒီစကားကိုသုံးချင်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုကို မြင်သာထင်ရှားအောင်ရေးနိုင်လို့ congratulation ပါနော်။ ယခုကဲ့သို့ကောင်းသောစာများ စဉ်ဆက်မပြတ်ရေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

commentinfo By: Htoke Htoke at Feb 9, 2011
Comment #6

ကောင်းလိုက်တာနော်….အားပေးနေပါ့မယ်..

commentinfo By: ပြည့်ဖြိုးပိုင် at Feb 9, 2011
Comment #7

တကယ်အရမ်းခံစားရပါတယ်

commentinfo By: အသဲကွဲမိုး at Feb 10, 2011
Comment #8

oh my god.
oh my god.
huh,,,,,,
so strong feeling.
feel hurt so much?

nice poem.

commentinfo By: ei lay at Jul 22, 2011
Comment #9

same feeling with u,

commentinfo By: ei lay at Jan 3, 2012
Comment #10

ခံစားချက်လေးတွေက တော်တော်ကိုပဲ ထပ်တူကျနေပါတယ်….
အရမ်းကောင်းတဲ့ ကဗျာလေးပါ……..

commentinfo By: D Myat Thoon at Jun 7, 2012
Comment #11

nint chit par de so de nint chit thu ka,,,
ngar lout nint ko tan phoe htar loh lar?
ngar lout nint ko nar le pay naing loh lar?
ngar lout nint ko ga yu sike pay loh lar?
ngar lout nint ko a nun tar khan ye lar?
ngar lout nint ko chit loh lar?
e lo ko pyaw pyit like ya hmar,,pyat pyat tar tar pyaw pyit like ya hmar.
ei lay tar so yin e lo ko loak pyit hmar.,,,a hote,

commentinfo By: ei lay at Jun 8, 2012
Comment #12

Ma daw ta sa htet pi phat mi twar par de.
Phat pi tine le a yann ko khan sarr ya par de.
Kou chin le sar mi par de.

commentinfo By: ei lay at Sep 3, 2012
Comment #13

Phat mi tine sate ma kaung phyit ya de.
A yann ko kan sarr ya de.
Htet tu htet hma wann ne mi par de shin.
:'(
Yout kyar tway ko sate kone de.
Thu doe wit le hmar ma kyauk phu lar ma ti bu naw?

commentinfo By: ei lay at Dec 12, 2012
Comment #14

မ​ထင်​မှတ်ပဲထပ်တခါဖတ်မိပြန်ပြီကွာ

commentinfo By: ei lay at Apr 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment