ငါ… ဘာများပြောခဲ့မိလဲ
ငါတန်ဖိုးထားတဲ့ အမှတ်တရ ပစ္စည်းတွေ
ရက်ရက်စက်စက် နင်လွှင့်ပစ်တုန်းက
ငါ… ဘာများပြောခဲ့မိလဲ
နင်ရှိသရွေ့ အမှတ်တရတွေ ထပ်ရှိမယ်
ငါယုံကြည်ထားမိတယ်
ရန်ဖြစ်တိုင်း အနိုင်ယူပြောဆိုတတ်တဲ့
နင့်ကြောင့် ငါရှုံးနိမ့်ရတိုင်း
ငါ… ဘာများပြောခဲ့မိလဲ
နင့်ကိုချစ်နေသရွေ့ ဒီအရှုံးကို မြတ်မြတ်နိုးနိုး
ငါပိုင်ဆိုင်နေရဦးမှာ ငါသိထားတယ်
နင့်ရည်မှန်းချက်ကြောင့် အဝေးကိုထွက်သွားတော့
ငါ… ဘာများပြောခဲ့မိလဲ
နင်စိတ်ချမ်းသာဖို့ တစ်ခုတည်းနဲ့
ယုံတမ်းပုံပြင်တွေ ယုံပြီး
နင်ထွက်သွားတာ ငါကြည့်နေရတယ်
လမ်းခွဲမယ်ဆိုတော့လည်း
ဆုံးဖြတ်ချက် ပြတ်သားတဲ့ နင့်အပြောကို
ငါ… ဘာများပြောခဲ့မိလဲ
အကြောင်းပြချက်မျိုးစုံတွေကြားမှာ
မဟုတ်မှန်း သိသိနဲ့ ငါနောက်ဆုတ်လိုက်ရတယ်
Comment #2
အကြောင်းပြချက်မျိုးစုံတွေကြားမှာ
မဟုတ်မှန်း သိသိနဲ့ ငါနောက်ဆုတ်လိုက်ရတယ်

Comment #3
လင်း…..
ခံစားအားပေးသွားပါတယ်ဗျာ…

Comment #4
oh,,,so sorry to know

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လမ်းခွဲမယ်ဆိုတော့လည်း
ဆုံးဖြတ်ချက် ပြတ်သားတဲ့ နင့်အပြောကို
ငါ… ဘာများပြောခဲ့မိလဲ
အကြောင်းပြချက်မျိုးစုံတွေကြားမှာ
မဟုတ်မှန်း သိသိနဲ့ ငါနောက်ဆုတ်လိုက်ရတယ်