ငါ့အတွက် …
လျှောက်ခဲ့ကြပြီးပြီပဲ …
လမ်းတွေလဲ ကြမ်းခဲ့တယ်
ခရီးတွေလဲ ပမ်းခဲ့ရဲ့ ….
ငါက အတ္တကြီးသတဲ့လား ဟန်နီ …
နင်မသိခဲ့လို့လား … မသိချင်ယောင်ဆောင်လိုက်တာလား …
“ငါ့အတ္တ ငါ့မာန … ငါ့ ပျော်စရာ .. ငါ့ကမ္ဘာ ..
နင်သာ … နင်သာ အရာရာ … ” ဆိုတဲ့ စာကြောင်းလေးတွေ … ။
ခုချိန်တော့ …
သံသယတွေ ၊ မာန်မာနတွေ
ဒါတွေ ခ၀ါချ …
ငါ အဖြူသက်သက်ပဲ နင့်ဘေးနားရှိချင်တယ် … ။
ဟော ဟိုမှာ …
မဝေးတော့ တဲ့ အနာဂါတ် …
မတွေးတော့ဘူးကွယ် … ရှေ့ တည့်တည့် ပဲ လျှောက်မယ်လေ … ။
ငါ့ဘေးနား နင်ရှိနေပေးတာပဲ …
အမှောင်ထု ဘယ်လောက်နက်နက် …
နင့်ရဲ့ အလင်း တစ်စ နဲ့ … ငါ ထွန်းလင်းပါ့မယ် …. ။
ငါလဲ သာမန်လူပါကွယ် ….
စိတ်ကောက်တတ် ၀မ်းနည်းတတ် …
အားငယ်တတ် ကျရှုံးတတ်တယ် …
ငါ့ဘေးနားရပ် … ငါ့အတွက် တည့်မတ်ပေးနိုင်မလား …. ။
နင် လိုအပ်တဲ့အချိန်တိုင်း … “နင့်အတွက်ငါ”
ရှိနေပေးခဲ့ဖူးတယ် … ရှိနေပေးတယ် … ရှိနေပေးဦးမယ် …
ခု … ငါ နင့်ကို စူးစူးနစ်နစ် လိုအပ်နေတဲ့အချိန် …
“ငါ့အတွက်နင်” … ရှိပေးနိုင်မလား ဟန်နီ … ။
Comment #2
ခံစား…သွားပါတယ်
ရှိနေပေးရင်တော့..ပိုကောင်းမှာပေါ့ဗျာ…
Comment #3
ဟုတ်ကဲ့ … ရှိနေပေးရင်တော့ တိုင်းထက်အလွန်ပေါ့ ကိုpoem ရေ … 🙂
ကိုကံ့ကော်မောင်ရော ကိုpoem ရော .. ကျေးဇူးပါနော် …း)
Comment #4
why not?
i m beside u.
u don’t see me then u r looking far away.
he,,he,,,just teasing naw.
really niceeeeeeeeeee.
touch my heart
Comment #8
kwi,,kwi,,
phyit hma phyit ya lay,,,
account be hna khu taung pwar htar le ma ti bu naw?
he,,he,,,
daw like tar,,,’sate ma shoke bu lar hin?
ei lay so account 1 khu de pe shi de,shin yaw..
Comment #9
ဟုတ်ဝူး အမရ … ကိုသားသား အကောင့်ကို သူ့ကဗျာ လာတင်ပေးတာ ….
မေ့ပီး သူ့အကောင့်ကို လော့ဂ်အောက် မလုပ်ပဲ ကွန်မန့်ပေးလိုက်မိလို့ … ကွိကွိကွိ … 😛
Comment #1
နင် လိုအပ်တဲ့အချိန်တိုင်း … “နင့်အတွက်ငါ”
ရှိနေပေးခဲ့ဖူးတယ် … ရှိနေပေးတယ် … ရှိနေပေးဦးမယ် …
ခု … ငါ နင့်ကို စူးစူးနစ်နစ် လိုအပ်နေတဲ့အချိန် …
“ငါ့အတွက်နင်” … ရှိပေးနိုင်မလား