လွမ်းနေခွင့်
အထီးကျန်ဝေသနာ
အကျီးတန်စေတာ
နားမလည်ရင်ထားတော့
ငါ့ကိုယ်ငါသာ……….
သတ်ပြစ်လိုက်ချင်တယ်
တကယ်တော့ ……….
မင်းရဲ့ အနမ်းက
ပျားရည်မဟုတ်ဘူး
အဆိပ်တွေ…………..
မရနိုင်တာကိုတောင်းတ
ကလေးတစ်ယောက်လို
………………ငါ
ငိုကြွေးရမလား………..???
အိပ်မက်ကနိုးထ
မင်းရဲ့ ဘ၀မှာငါက
ခလုပ်တိုက်ခဲ့ မိတဲ့ 
ခဲလုံးလေးတစ်လုံးတဲ့ ……………
အရောင်တွေပြောင်းလဲ
အပြာကအနီဖြစ်တော့ 
ပြုံးတော့ ပြုံးတယ်
်မဲ့ ပြုံးတွေ………….
ခွင့်လွှတ်ဆဲငါ
မနာတက်ခဲ့ လို့ 
အဲဒီအပြုံးကိုပဲ
လွမ်းနေရရင်ကျေနပ်တယ်………..။ ။
ကြယ်ရောင်လင်း
Comment #3
ငိုကြွေးရမလား
အိပ်မက်ကနိုးထ
မင်းရဲ့ ဘ၀မှာငါက
ခလုပ်တိုက်ခဲ့ မိတဲ့ 
ခဲလုံးလေးတစ်လုံးတဲ့
တော်တော်ရက်စက်တယ်ဗျာ ……
ဒါပေမဲ့ ချစ်နေတော့လဲ အပြစ်မမြင်တော့ဘူးပေါ့ဗျာ ……
အားပေးသွားပါတယ်
By: arkar at Apr 5, 2012
Comment #4
ခွင့်လွှတ်ဆဲငါ
မနာတက်ခဲ့ လို့ 
အဲဒီအပြုံးကိုပဲ
လွမ်းနေရရင်ကျေနပ်တယ်…
By: ကံ့ကော်မောင် at Apr 5, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
khan sar arr pay twar par d.