‘ဆောရီး’ တဲ့လား
သွားရင်း လာရင်း ခလုတ်တိုက်မိရင်
‘ဆောရီး’ ပြောချင် ရမယ်ထင်လား။ ။
တစိတ် မရှိ
တဝက် မရှိ
လေးပုံသုံးပုံလဲ မရှိ
တခုလုံး အပြည့်
ရာနှုန်းပြည့်
တကယ်ချစ်မိရင်
အသဲနှလုံး အပြည့်။ ။
အဲဒါကိုများ
‘ဆောရီး’ ပြောချင် ရမယ်ထင်လား။ ။
ခလုတ်တိုက်သွားတာ
သစ်ငုပ် မဟုတ်တော့
အသဲ မပြုတ်ယုံ တမယ်
ခံစားရတယ်။ ။
Comment #2
hote pa…
hman like lay chin…
sorry ya bu.
By: ei lay at Apr 6, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခလုတ်တိုက်သွားတာ
သစ်ငုပ် မဟုတ်တော့
အသဲ မပြုတ်ယုံ တမယ်
ခံစားရတယ်။ ။
..
like like like