“ညတမ်းချင်း”
သန်းခေါင်ယံည…..
လရောင်ဝင်းလက် အေးမြလေညှင်း
လမင်းသာနှင့် ညချမ်းချိန်ဝယ်
ဘုန်းမောင်တစ်ယောက်…
လွမ်းရောင်ဆွေးမြေ့ ပြင်းပြချစ်စိတ်
သတိရစိတ်တို့ ဖုံးအုပ်၍
အိပ်စက်ခြင်းနဲ့ ရန်ဖြစ်တယ်။
ညှို့ယူစွဲမက် တွေငေးစေတဲ့
မင်းမျက်ဝန်း အရယ်အပြုံး
ကိုယ်မမေ့နိုင် လွမ်းမိတာက
တကိုယ်ရည်လွမ်းဆွတ်မှု မည်တာမို့
ထာဝရသတိရစိတ်တို့နဲ့ မျှော်လင့်နေလျက်ပါ။
ကမ္ဘာတည့်သရွေ့ ချစ်သူတို့ဘဝ
ချစ်ခြင်းများမှာ ပျော်မွေ့သလို
ခန္ဓာတည်သရွေ့ ကိုယ် မင်းကို
အဆုံးမဲ့မေတ္တာနဲ့ မြတ်နိုးပါရစေ။
ချစ်သူ….
တုန့်ပြန်မေတ္တာ မပေးနိုင်လည်း
ကိုယ့်စကား ကိုယ့်ကဗျာကို
ယုံကြည်စေချင်တာ ကိုယ့်ဝေဒနာပါ။
Comment #3
ကမ္ဘာတည့်သရွေ့ ချစ်သူတို့ဘဝ
ချစ်ခြင်းများမှာ ပျော်မွေ့သလို
ခန္ဓာတည်သရွေ့ ကိုယ် မင်းကို
အဆုံးမဲ့မေတ္တာနဲ့ မြတ်နိုးပါရစေ

Comment #4
ခန္တာတည်သရွှေ့ကိုယ်မင်းကို
အဆုံးမယ့်မေတ္တာနဲ့မြတ်နှိုးပါရစေ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
mike de kwar,,
yae le kway twar p.