အဲသည်ဝတ်ဆင်ထားမိတဲ့ အားပါးတရအပြုံးကြီးကို ငါပြန်ပြန်မုန်း
အဲသည်ဝတ်ဆင်ထားမိတဲ့
အားပါးတရအပြုံးကြီးကို
ငါပြန်ပြန်မုန်း
စိတ်ကူးနဲ့စွတ်တင်ထားလဲ
မသေချာမှုက
မသေချာမှုသက်သက်သာ
မဖြစ်နှိုင်ခြင်းက
မဖြစ်နှိုင်ခြင်းသက်သက်တာ
ဝန်မပိုစေချင်တဲ့စိတ်ကြီးကိုက
ငါ့မှာဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်
သူလိုငါလိုသွားလာနေလျှက်ပဲ
ငါဟာ
တစ
တစ
တိတ်တခိုးတိတ်တဆိတ်
ယိုယွင်းတတ်လာတယ်
အစွန်းရောက်ကုန်ပြီလား
ကျကျနနစိတ်ကိုအနည်ကျထိုင်ချ
အာနာပါဏကိုလေးနက်ကိုးစားဖို့လိုပြီ။ ။
ဩမြိုင်
Comment #2
ဝန်မပိုစေချင်တဲ့စိတ်ကြီးကိုက
ငါ့မှာဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်
သူလိုငါလိုသွားလာနေလျှက်ပဲ
ငါဟာ
တစ
တစ
တိတ်တခိုးတိတ်တဆိတ်
ယိုယွင်းတတ်လာတယ်
အတွေးနဲ့ အရေးကို သဘောကျတယ်ဗျာ။ အားပေးသွားပါတယ်။
By: ChIr0N at Apr 10, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
phat shu arr pay twar par d