ကဗျာဆရာရဲ့ဒိုင်ယာရီ-ရွှေကြယ်မိုး
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}
တစ်ခါက ကျွန်တော်ဟာ
ကဗျာဆရာတစ်ဦးဖြစ်ကြောင်းသူမ သိသွားမှာ
စိုးရိမ်ခဲ့ဖူးပါတယ်…
တစ်နေ့မှာ
ခရေပန်းတွေကို နှစ်သက်တဲ့ သူမဟာ
ခရေရနံ့မစွတ်မပွတ်လေးနဲ့ သပ်ရပ်နေတဲ့
ကျွန်တော့်ရဲ့ ကဗျာစာအုပ်လေးကို ကိုင်လို့
ကျွန်တော်ဟာဘယ်သူလဲဆိုတာကို သိသွားပါတော့တယ်…
သူမဟာ ကဗျာတွေကိုချစ်တတ်တဲ့သူ…
သူမဟာ ကဗျာစာအုပ်လေးတွေတွေ့တိုင်း ဖတ်လေ့ရှိသူ
ဒါပေမယ့် သူမဟာ ကဗျာဆရာဖြစ်ရမှာကို
သေမလောက် ကြောက်တဲ့သူတစ်ယောက်ပေါ့…
ကဗျာဆရာဆိုတာ လောကကြီးကို ပစ်ပယ်ထားတဲ့
လူမို့လို့ သူမစိတ်ထဲမှာ ကျွန်တော်ဟာ သူမကို
ပစ်ပယ်သွားမှာ စိုးကြောက်ခဲ့လေသလား…
သူမရဲ့ မျက်လုံးတွေ ဖြူဖျော့ပြီး ကျွန်တော့်ကို
ငေးကြည့်နေခဲ့တာ သေချာပါတယ်…
ကဗျာဆရာဟာ အချိန်ရေစီးထဲမှာလည်းမနေ
ပျော်မြူးတဲ့ စိတ်အလျဉ်မှာလည်း မနေ…
စိတ်ထင်ရာသာ ဒုန်းဆိုင်းသွားနေတတ်ခဲ့…
ကဗျာဆရာရဲ့ ကမ္ဘာဟာ ကဗျာတွေနဲ့ပဲ တည်ဆောက်ထားခဲ့…
ကျွန်တော်ဟာ ဆံပင်တွေရှည်၊ လက်သည်းတွေရှည်
မျက်လုံးတွေက ချိုင့်ဝင်လို့၊ စီးကရက်ကလည်းဖွာ…
ဗရမ်းဗတာ ဆန်တဲ့ကျွန်တော့်ကို အဲ့နေ့စွဲတွေတစ်လျှောက်လုံး
သူမ ငေးမောကြည့်ရှုနေခဲ့တယ်…
အရင်လို စကားတွေက ဟက်ဟက်ပက်ပက် မရှိတော့…
ကဗျာဆရာရဲ့ အသက်ဟာ ကဗျာထဲမှာပဲ ရှိတယ်ဆိုတာကို
သူမ ကောင်းကောင်းကြီးလက်ခံထားခဲ့ဖူးပါတယ်…
ကဗျာဆရာတွေဟာ တခြားလူတွေ မတွေးရဲလောက်အောင်
စိတ်ပိုင်းဆိုင်ရာ အနာတရတွေရှိတယ်ဆိုတာကိုလည်း
သူမ မချင့်မရဲနဲ့ နားလည်သဘောပေါက်ထားပါတယ်…
Love ကို ဘယ်လိုသတ်မှတ်လဲ…တဲ့
လိင်စိတ်တစ်မျိုးလို့ ကျွန်တော်ဖြေခဲ့ပါတယ်…
ဘယ်အချိန်ထိ ကဗျာတွေကို ရူးသွပ်သွားမှာလဲ…လို့မေးတော့
အသက်မထွက်မချင်းလို့ ဖြေခဲ့ပါတယ်…
သူမ တုန်ရီစွာ ခပ်ပါးပါးလေး ရယ်ပြခဲ့တယ် ထင်တယ်…
တစ်နေ့မှာ သူမဟာ
ကျွန်မမှာ ကဗျာဆရာတစ်ယောက်ကို ပွေ့ပိုက်နိုင်တဲ့အင်အား
မရှိဘူး ဆိုပြီး ကျွန်တော့်ကို စွန့်လွှတ်လိုက်ရ သယောင်ယောင်နဲ့
စွန့်ခွါသွားခဲ့တယ်
ဒါဟာ တယောတစ်လဒ်ရဲ့ကြိုးလိုပဲ…
တအီအီနဲ့ မြည်တမ်းပြီး နူးညံ့စွာ နာကြင်ခဲ့ရတယ်…
သစ်ရွက်ကြွေတွေကို ငုံ့ကြည့်မိတိုင်း သူမဟာ
ဖတ်စာအုပ်ထဲကလောက်တောင် ဆွဲအားတွေအကြောင်း
နားမလည်ပါလားလို့ သတ်မှတ်မိတယ်…
ကျွန်တော်ဟာ ဆွဲအားတွေကို လွန်ဆန်ခဲ့လေသလား…
ဆောင်းတွင်းရဲ့ မနက်ခင်းမှာ သူမရဲ့ ပုံရိပ်ဟာ
ကျွန်တော့်အတွက် ဆွဲအားတစ်ခုပါ…
ပြန်မရတော့မယ့် အတိတ်အတွက်
အနာဂါတ်မှာ ပင့်သက်တွေနဲ့ ပေါင်းဖက်လို့…
လတ်လတ်ဆက်ဆက်ကို နာကျင်နေရရင်း
ကဗျာဆရာဟာ ကဗျာတွေကို ဖွားမြင်ပေးခဲ့ရဲ့…
ရွှေကြယ်မိုး
Comment #3
ပြန်မရတော့မယ့် အတိတ်အတွက်
အနာဂါတ်မှာ ပင့်သက်တွေနဲ့ ပေါင်းဖက်လို့…
လတ်လတ်ဆက်ဆက်ကို နာကျင်နေရရင်း
ကဗျာဆရာဟာ ကဗျာတွေကို ဖွားမြင်ပေးခဲ့ရဲ့…
Comment #4
လွမ်းမောဖွယ်ဝတ္ထုရှည်ကြီးတစ်ပုဒ်ကို
တစ်ထိုင်တည်း ဖတ်လိုက်ရသလိုပါပဲ
ကြိုက်တယ်လို့ ပြောချင်ပါတယ်
ချစ်ခင်လျှက် . . .
ကိုသျှား
Comment #1
wow,,,,,,,,,,,,,,
nice creation.
i really don’t know how to do if i met a poet who is my love.