Professional Authors

ပေးစာသက်သက်..

ခုတော့လဲ အနားမှာ ဘယ်သူကျန်သလဲ!!

လူရာသိပ်ဝင်ချင်တဲ့ ရောဂါ တစ်မျိုး…

ဒီလူ့ မျက်နှာ ပေါ်မှာ အတိုင်းသား တွေ့နေရတယ်….

ဒီအခန်းလေး ထဲမှာ. တစ်ယောက်တည်း..

ညည ငုတ်တုတ်ကျန်နေရတာ…..

အိုး… .. ငါံ့ ခါးရိုးဆစ် တွေ တဖျတ်ဖျတ် ကြွေကျလောက်တဲ့ထိ..

အကြင်နာ တရားကို.. ကျမ်းပြုဖို့.. ကြိုးစား

အပြင်သား မှာ.. ငါတို့က တစ်ကိုယ်ကောင်းဆန်ဖို့

မွေးစားခြင်းကို ခံခဲ့ရ

အိမ်စာ စာအုပ်ထဲမှာ… မဲ့ပြုံးလှလှ ပြုံး၇အောင်….

အကြောင်းတစ်ရာ.. ချရေးလိုက်တယ်…

တစ်ခါတစ်လေ.. သံသယ က ကိုယ့်ကို. ပြန်ပြီး

မယုံသင်္ကာ ဖြစ်လောက်တဲ့ထိ..  စဉ်းလဲမှုတွေအတိနဲ့…

ငါတို့ အိပ်မက်တွေ မှောင်အတိချခဲ့ရတယ်…

ကူပါ.. ကယ်ပါ..လို့ တချို့တွေ…

 လွတ်ရာ ကျွတ်ရာ..အတုံးအရုံး ခုန်ချ..လွတ်မြောက်…

ခြေထောက် ဟာ. လူရဲ့.. အနိမ့်ပါးဆုံး မြေယာ…

ရင့်ကျက်လှချည့်.. သူငယ်ချင်းရယ်…

ငါ့ အခန်းထဲမှာ..ငါသာ ငုတ်တုတ်.. ကျန်ကျန် နေခဲ့ပြန်တယ်..

အားထား၇ပါ့မလား… သွားကြားထဲက လေသံနဲ့..

စားပွဲတွေ အများကြီး ဖြတ်သန်းခဲ့တဲ့နောက်..

တို့ရဲ့ .. နေ့လည်စာဟာ.

သုံးရာတန်.. ချိုပေါ့ကျ တစ်ခွက်နဲ့.  ပလာတာ တစ်ချပ်..

ကြယ်တွေ ညဆို အ၇ွယ်အစား မတူကြဘူး..

အလင်းေ၇ာင် မကျတကျ. အမှောင်၇ိပ်ထဲမှာ..

ငါတို့ လက်ချောင်းတွေ မထိတထိ ပြေးလွှားကြ..

ငါတို့.. ဆန္ဒတွေ.. မလောက်မင.ပြည့်တင်းနိုင်ဖို့…

အချိန်တွေ ကြာလာတော့.. ယုံကြည်မှု.ဟာ..

စာလုံးပေါင်း ပေါင်းပြရမယ့်အဖြစ်….

အမျိုးကောင်းသားတွေ..

မိကျောင်းခေတ် ထတဲ့ အချိန်ပေါ့….

ကျောမွဲသားတွေ…. တိုးပွားမှုနှုန်း

တရိပ်ရိပ် မြင့်တက်လာခဲ့…

ကယ် ချင်တယ်..  ကူညီပါ့မယ်…

မနည်း ကျက်မှတ်ထားတဲ့.. ရေပေါ်ဆီ စကားလုံးတွေ..

အာဂုံများလွန်းရင် အာဂလူ ဖြစ်ပြီ အထင်တွေနဲ့…

ဘယ်… ဒီချိန်ဆို.. ငါ အခန်းထဲ ငုတ်တုတ်ကျန်နေကျ ပေါ့.. သူငယ်ချင်းရယ်..

အစွန်းရောက် ယုံကြည်မှု က..  အဆမတန်.. ဖိစီးနေကြတာ

ကွာ!!! .. တစ်ကယ်.. သနားစရာ ..

လူပီသအောင်..  ငါ..တို့.. တွေ.. အားငယ်ကြရမယ်….

စိတ်ဓါတ်တွေ ညစ်နွမ်းကြ၇မယ်.

သံသယတွေ ပွားများကြရမယ် မဟုတ်လား…

မြတ်သော ယောကျာ်း..  တွေတဲ့လား..

ထောင်ထောင်လွှားလွှား.. မျက်မှောင်ကြားက အကြည့်တွေ.

ကျစ်ခနဲ မြည်အောင်.. စက်ဆုပ်တတ်ကြပြန်သေး…

လေးလေးနက်နက် ဆွေးမြည့် တတ်ဖို့တော့….

ပခုံးနှစ်ဖက် ဟန်ပါပါ တွေ.. တွန့် လို့…..

”ကျုပ်.. အသည်းယား လှသဗျာ..  “”….

ဘ၀တူ.. လှေလှော်သားတွေ..ချုးံးပွဲချ ငိုမယ့်.. အခန်းထိ…

ငါလဲ… စောင့်မကြည့်နိုင်တော့ဘူး…

ငါတို့ဟာ..လူ…သစ်ပင်.. အသွေးအသား.. အရင်းအမြစ်…

လှုံ့ဆော်မှု ပေါင်း.. မြောက်မြားစွာ.. ဖွဲ့စည်းထားတဲ့..

ခရီးသွားသက်သက်သာ ဖြစ်တယ်……….

နေ့စဉ်ရေးစာအုပ်တွေထဲမှာ…

မမေ့မလျော့.. ထပ်ခါထပ်ခါ. ရေးခြစ်နေရင်း……

ဒိ အခန်းကျဉ်းထဲမှာ.. ငါ …

တိတ်တဆိတ်…. ကွဲရှလေ့ ရှိတယ်.. … ။

                                                         ဖြိုးဝေ

In: ကဗျာ Posted By: Date: Apr 11, 2012
Comment #1

နေ့စဉ်ရေးစာအုပ်တွေထဲမှာ…

မမေ့မလျော့.. ထပ်ခါထပ်ခါ. ရေးခြစ်နေရင်း……

ဒိ အခန်းကျဉ်းထဲမှာ.. ငါ …

တိတ်တဆိတ်…. ကွဲရှလေ့ ရှိတယ်.. …

commentinfo By: May Kha at Apr 11, 2012
Comment #2

ဘ၀တူ.. လှေလှော်သားတွေ..ချုးံးပွဲချ ငိုမယ့်.. အခန်းထိ…

ငါလဲ… စောင့်မကြည့်နိုင်တော့ဘူး…

ငါတို့ဟာ..လူ…သစ်ပင်.. အသွေးအသား.. အရင်းအမြစ်…

လှုံ့ဆော်မှု ပေါင်း.. မြောက်မြားစွာ.. ဖွဲ့စည်းထားတဲ့..

ခရီးသွားသက်သက်သာ ဖြစ်တယ်………

commentinfo By: ကံ့ကော်မောင် at Apr 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment