အသည်းကွဲ နှစ်ပတ်လည်
အလွမ်းတွေထုပ်ပိုးထားတဲ့ နှစ်ပတ်လည်လက်ဆောင်
နင့်ကို ငါပြန်ပေးလိုက်မယ်
တစ်နှစ်အတွင်း ငါပေးထားခဲ့တဲ့
နင်ပြန်လာမှာပါဆိုတဲ့ ယုံကြည်မှု သစ္စာတရားတွေ
အစားမထိုးနိုင်တဲ့ ကွက်လပ်နေရာတစ်ခု
အချိန်တိုင်း မဟုတ်တောင် တွေးမိတိုင်း နာကျင်ခဲ့ရတဲ့ နင့်ရဲ့ လမ်းခွဲစကားတွေ
ပြီးတော့ မသေနိုင်တဲ့ ငါ့ချစ်ခြင်းတွေ
ဒါတွေအားလုံး ငါ့အလွမ်းတွေနဲ့ လှလှပပ ထုပ်ပိုးထားတယ်
အားလုံးပြန်ပေးလိုက်ပါတယ်……
နောက်များအတွက် နှောင်ကြိုးမဲ့ ပျော်ရွှင်ပါစေဆိုတဲ့ ဆန္ဒတစ်စုံ နဲ့ဆိုပါတော့ …………
Comment #2
အချိန်တိုင်း မဟုတ်တောင် တွေးမိတိုင်း နာကျင်ခဲ့ရတဲ့ နင့်ရဲ့ လမ်းခွဲစကားတွေ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နင်ပြန်လာမှာပါဆိုတဲ့ ယုံကြည်မှု သစ္စာတရားတွေ
အစားမထိုးနိုင်တဲ့ ကွက်လပ်နေရာတစ်ခု
အချိန်တိုင်း မဟုတ်တောင် တွေးမိတိုင်း နာကျင်ခဲ့ရတဲ့ နင့်ရဲ့ လမ်းခွဲစကားတွေ
ပြီးတော့ မသေနိုင်တဲ့ ငါ့ချစ်ခြင်းတွေ
ဒါတွေအားလုံး ငါ့အလွမ်းတွေနဲ့ လှလှပပ ထုပ်ပိုးထားတယ်
အားလုံးပြန်ပေးလိုက်ပါတယ်……
နောက်များအတွက် နှောင်ကြိုးမဲ့ ပျော်ရွှင်ပါစေဆိုတဲ့ ဆန္ဒတစ်စုံ နဲ့ဆိုပါတော့ …