မိုက်လုံးကြီးတဲ့ကြယ်…..
အလယ်ဗဟို တည့်တည့်မှာ….
ထိုင်နေရက်သားနဲ့…
ချိန်ခွင်လျှာ စွန်းရွဲ့ ခဲ့ လေပြီလား……
သားအထင် ရွှေလေ၇ာင် ဇါပ၀ါ ကွပ်အနားက..
အမေ့ပါးရောင်ထက် ပြောင်မယ်သာ ထင်ခဲ့တာပ..
နေသမျှက အခြေမလှ တာတွေ ချည်းပါပဲ.. မေမေ..
ကျောင်းမှန်း ကန်မှန်း မသိ..
သားတို့တွေ ၇ူးရူးမူးမူး ပွေ့ဖက်..
လက်ချင်းယှက်.. အိပ်မက်အစုတ်အပြတ်တွေ…
တဂျစ်ဂျစ်.. ရေးဆွဲရင်း…..
ချည်တိုင်အသစ်အသစ်တွေ.. .. တရစ်ရစ် ..
ထုဆစ်နေမိတော့တယ်….
ကစားဖို့..နားဖို့လား….
သားတို့မှာ… နေရောင်မမြင်
ရွှေရောင်မထင်ခဲ့တဲ့ အတိတ်တွေ…
ဟော့ဒီ ၀တ်စုံမှာ.. အနံ့အသက်တွေ ..
စွဲစွဲထင်ထင် ကျန်နေရဲ့……….
လာလှည့်လို့.. ခေါ်နေလဲ……
နောက်လှည့်မကြည့်စတမ်း..
ကြွက်မြီးတန်း. ယုံကြည်ချက်တွေအပြည့်နဲ့…
သာတူညီမျှရေး.. စစ်သည်တော်..
အကျော်အမော်ကြီးတစ်ယောက်ပေါ့.. မေမေရယ်…
တစ်ဘ၀စာ ထက်များ .များလွန်းနေမလား….
သားတို့ရဲ့ ဒိုင်ယာရီမှာ…
မှင်နီတွေ ရဲရဲတောက်နေလိုက်တာ
မပြောပါနဲ့တော့…..
ပန်းခရမ်းပင်ပြာပြာတွေနဲ့… အိပ်မက်တွေ
နုနယ်လှချည့် ..လူကလေးရယ်….
ညီငယ်ကလေး… ကျောင်းစာတွေ မထွေးတာ
ခုဆို..ဆယ်စုနှစ်သာသာ လဲ စွန်းခဲ့ပြီ..မေမေ..
ယဉ်ကျေးမှု အသစ်တွေ စွန်းစွန်းပေပေနဲ့…
သူကလေး ရဲ့ အိပ်မက်မှာ….
သား တို့ ဘ၀ဟာ.. ပျော်စရာတွေသာ အတိ
နေမထိ ထိုင်မသာ.. စကားလုံးခါးခါး တွေနဲ့…
သားတို့တွေ တူးတူးခါးခါး ပစ်ပေါက်ကြ….
တစ်အူတုံဆင်း.. လွမ်းချင်းတွေမှ…
အလွတ်ရအောင်.. မကျက်ခဲ့ကြလေခြင်း……
မေ့ပစ်ချင်တာတွေ များလွန်းခါမှ….
စိတ်ကူးဟာ အထူအပါး နားမလည်တတ်တဲ့..
ကလေးတစ်ယောက်လိုပါပဲ……..
တမြေ့မြေ့ .. တိုက်စားရင်းနဲ့….
ရေသေချောင်းကမ်းပါးမှာ….
သားတို့ မျက်နှာဖုံးအပေါစားတွေ….
ခဏတာ ချွတ်တင်ပစ်ခဲ့ကြ……
လူအလစ်မှာ… ဘ၀ဟာ….
ခဏတာ… ၀တ်လစ်စလစ်… ဖြစ်ဖြစ်သွားတယ်….
ချစ်ရသူတွေ ကိုယ်စီကိုယ်ငှ နဲ့……
ဘ၀က တစ်ဖန် ဦးမော့လို့ လာပြန်ကြတယ်.. ( အထင်နဲ့ )
နွေတွေသာ အခါခါ နှောင်းနှောင်းသွားတယ်….
မေမေ့.. ရင်ခွင်ညှာ အသည်းနှလုံးတွေ……
မှတ်စုတို..အဟောင်းထဲ ထည့်ထည့် သိမ်းနေရတဲ့အဖြစ်….
အမေ့ကညစ်ကလေး လဲ သစ်သစ်လွင်လွင် ရှိပါစေတော့ရယ်လို့…
သားတို့ တွေ မှင်တစ်တို့ မတို့မိခဲ့ကြဘူး….
နေရောင်ဟာ.. မေမေ့အတွက် အလွမ်းသင့်နေသလိုပဲ
ကြယ်ရောင်တွေကလဲ.. မစဲတဲ့မိုးလို
မေမေ့ကျမှ ကွက်ပြီး ဖျော့ဖျော့ကျသွားတယ်
………………………………………………………..
သားတို့.. .. အိမ်ပြန်ခဲ့မယ်.. မေမေ…။
……………………………………………….
ဖြိုးဝေ
Comment #2
အားပေးသွားပါတယ်
Comment #3
နေရောင်မမြင်
ရွှေရောင်မထင်ခဲ့တဲ့ အတိတ်တွေ…
ဟော့ဒီ ၀တ်စုံမှာ.. အနံ့အသက်တွေ ..
စွဲစွဲထင်ထင် ကျန်နေရဲ့…
Comment #4
မေမေ့.. ရင်ခွင်ညှာ အသည်းနှလုံးတွေ……
မှတ်စုတို..အဟောင်းထဲ ထည့်ထည့် သိမ်းနေရတဲ့အဖြစ်….
အမေ့ကညစ်ကလေး လဲ သစ်သစ်လွင်လွင် ရှိပါစေတော့ရယ်လို့…
သားတို့ တွေ မှင်တစ်တို့ မတို့မိခဲ့ကြဘူး….
နေရောင်ဟာ.. မေမေ့အတွက် အလွမ်းသင့်နေသလိုပဲ
ကြယ်ရောင်တွေကလဲ.. မစဲတဲ့မိုးလို
မေမေ့ကျမှ ကွက်ပြီး ဖျော့ဖျော့ကျသွားတယ်
………………………………………………………..
သားတို့.. .. အိမ်ပြန်ခဲ့မယ်.. မေမေ…။နှစ်သက်စွာအားပေးသွားပါတယ်ခင်ဗျာ
Comment #1
ကောင်းလိုက်တာဗျာ
အားပေးသွားပါတယ်အကို
ဝါသနာတူတွေပဲ…….
ဖိုက်တင်းးးးးးးးး