အချက်အလက် မပါသော ဒိုင်ယာရီ
မညီမျှခြင်းလို့………
ကိုယ်တို့တွေ ပုံအောပြီး.. စိမ်းကားပစ်လိုက်တယ်…
အသည်းအသက်တွေ ကြွေလွင့်ချင်လွင့်စေတော့ရယ်လို့…
စိတ်ကူးကရော..ချိုပေးနိုင်ဦးမတဲ့လား…..
နွေလိုမျိုးပဲ…ကိုယ်နဲ့ သူ့ရဲ့ တံခါး တံခါး တစ်ချပ်ချင်း
ဖြည်းဖြည်း ချင်း အရောင်ရင့်လာတယ်………………..
ဘယ်သူက ကြိုသိနိုင်ဦးမလဲ…..
ကြွေကွဲပစ်ချင်စရာ..ကောင်းလောက်အောင်…….
ချစ်သူက… တိတ်တိတ်ဆိတ်ဆိတ်…….
ကိုယ် အိမ်ပြန်ဖို့သင့်ပြီ…………။။။
တစ်ကယ်ဆို.. နှင်းဆီတစ်ပွင့်မို့…
ကိုယ်က ကြွေခဲ့တာ မဟုတ်ဘူး………
ချစ်သူဟာ… ဆူးခက်ဆူးလက်နဲ့..
အခြေအနေပြ ၀ါကျတွေ..နားလည်ဖို့..သိပ်ခေါင်းခဲတတ်တဲ့သူ…
ရွေ့နေတယ်…. တိမ်တွေရွေ့တယ်.. ကောင်းကင်ရွေ့တယ်….
မြစ်လိုလို…နာ၇ီစင်လိုလို…နဲ့… ကိုယ်တို့တွေ .. တိမ်ကောရဦးမလားပဲလေ..
ရောက်တတ်ရာရာ..လမ်းလျှောက်ထွက်တဲ့အခါတိုင်း…
ဒီအတွေး … ဒီစိတ်ကူးတွေ မြူခြေဆိုင်းဆိုင်းလာတယ်….
လင်းလုလု..အရုဏ်ထဲမှာ… အိမ်ကလေး အေးစက်နေတယ်.. ပိုးစီ….
လူရာဝင် အပြုံးတွေ တဖြည်းဖြည်း ကွာဟလာကုန်ပြန်ပါပေါ့လား…
ဖါဖါထေးထေး. တီးခတ်ထားတဲ့ လျော့ရဲရဲ. တူရိယာသံတွေလဲ..
ကိုယ်တို့ နားထဲစွဲထင်ကျန်မနေတော့ဘူး……..
လာပါကွယ် .. ရူးမိုက်လှည့်ပါ..
ကိုယ်တို့မှာ..အသိတရားတွေ..ဆင်ခြင်တုံတရားတွေ..
ဖေါင်းပွလွန်းလှတာ…ကိုယ် မခံစားနိုင်ဘူး..
တဖြောင့်တည်း… အသည်းကို.. ခွဲချလိုက်ခါမှ…
ငြင်းပယ်ခြင်းတ၇ားတွေနဲ့……
ဒီဘ၀ထဲ…….
…….ကိုယ့်. နေရာကိုယ်..ပြန်ချင်လွန်းလှတယ်…………….။
Comment #2
အကု န်အစင်ဖတ်သွားပါကြောင်း။…….
Comment #1
ကဗျာတစ်ပုဒ်လုံးမှာ အကြိုက်ဆုံးလို့ ထုတ်ပြစရာမရှိလောက်အောင်ကို တစ်ပုဒ်လုံးကို ကြိုက်တယ်..