မရယ်ရတဲ့မိတ်ဆွေ
အစိမ်းရောင်တွေ ဖိတ်တစ်ဝက်စင်တစ်ဝက်နဲ့ မခေါ်မပြောညနေ
အသံထွက်သိပ်မကောင်းတဲ့ အဖြူရောင် မေတ္တာတရား (အရိုးတော့ သတိထားရလိမ့်မယ်)
စာလုံးပေါင်းတွေ ပြွတ်သိပ်မှားယွင်းနေတဲ့ ရှေ့ဖြစ်ဟောဖန်လုံးတစ်လုံး …
တစ်နေ့စာ နေကတော့ စုန်းစုန်းမြုပ်သွားခဲ့ပြီ ………
တံတားတွေကို ဖျက်ပစ်လိုက်ပြီ ကောင်ကင်ထိ မရောက်မှတော့ ဘာလုပ်မှာလဲ
သူတို့ ကျောခင်းပေးထားရတာ တောင့်တင်းနေကြလိမ့်မယ် …
ကြယ်တွေကို ကမ်းစပ်မှာ လျှောက်ကောက်နေခဲ့မိတာလည်း တော်တော်တောင် ရနေခဲ့ပြီ
တချို့အချွန်အတက်တွေ စူးတတ်မှန်းသိတာကလွဲရင် အဆိပ်တက်နေမှန်း မသိသေးဘူး ..
ဒီ ဒုလ္လဘကြီးကိုက ရူးရူးနှမ်းနှမ်း ပျော်ပစ်လိုက်ဖို့ ကောင်းလွန်းပါတယ် ..
သွက်သွက်လည်နေတဲ့ နေ့ရက်တွေကို ဘာလို့ ငေးကြည့်နေတော့မလဲ …
ကိုယ်ခံအားလေး ကောင်းနေတဲ့နေ့ထိတော့ သင်လည်း အလိုက်သင့် ကခုန်နေနိုင်တာပဲ
ကိုယ့်ငရဲကိုယ် တွင်းဆုံးထိ သိပြီးမှတော့ ပြည်ဖုံးကားက ဘယ်အချိန်ကျကျပဲမဟုတ်လား
ခဏလောက်ဖြစ်ဖြစ် အဲဒီညနေခင်းကို ဖြူပေးလိုက်စမ်းပါ ဘုရားသခင်
ကြားခွင့်ရှိတဲ့အခိုက်မှာတော့ မေတ္တာတရားတစ်ခုနဲ့ပဲဖြစ်ဖြစ် လုံခြုံခဲ့လိုက်ချင်သေးတယ်
ကိုယ့်သတ်ပုံကိုယ်စစ်ရမယ့် ရှေ့ဖြစ်တရားတွေအတွက်တော့ အဲဒီဖန်လုံးကိုရိုက်ခွဲပစ်လိုက်ပြီ
ဒီမှာ .. ဒီကဗျာအစ အဆုံး ရယ်စရာ တစ်လုံးမှ မပါဘူး …။ ။
Comment #1
ကောင်းလိုက်တာ။ မျှဝေတာ ကျေးဇူးပါဗျာ။