စကားလက်သုပ်
မိုဃ်းမျက်နှာကြက်ကို မေပယ်လ်ရွက်တွေနဲ့ ပစ်ပေါက်လိုက်တိုင်း သွေးလွှတ်ကြောတွေ မာကျစ်လာတယ်။ ရှေ့က ကော်ဖီခွက် အပေါ်ယံမှာ တသီတဝေ အမြှုပ်စီနေတဲ့ အတိတ်။ ဖ၀ါးခြေထပ် ကြည့်လိုက်စမ်း ….. သွေးလှန့်ကုထုံးအတွက် လက်ပြန်ရိုက်ချက်များ အသွားဆာနေတုန်းပဲ။ အဟုန်ပြည့် ခြေလှမ်းတွေက ခရုပတ်ကိုမှ ၀င်္ကပါမှတ်နေကြ။ သွားးးးး …… မျက်နက်ဝန်း တစ်ချက်စွေ့ရင် အနက်ဖော်ချက်တွေ ပလူပျံကျလာမယ်။ တထီးတနန်း စကားလုံးတွေ ကွန့်မြူးတိုင်း အဖြည့်မက်လုံးတွေ နေ့ချိန်ကန်းကောင်းတုန်း။ ဖြစ်နိုင်ရင် ဖုံးကွယ်မှတ်ဥာဏ်ကို အမဆန်ပြဖို့ ၀မ်းကျွတ်သံ ခဏခဏ မပေးမိစေနဲ့။ နိယာမဦးခွံတွင်းမှာပဲ ဒဏ်ချက်ဟာ ချုပ် …. ပျောက် …. ငြိမ်း ….။ ကာယိနြေ္ဒ သရိုးသရီနဲ့ဆို ရေတိုမှတ်ဥာဏ်တွေ ခေတ္တမှုန်ထားလိုက်။ ဟိုဖက်ကမ်း ဒီဖက်ကမ်း ကူးဖို့လောက်များ စကားဖောင်စီးရင် အဆင်ပြေတာပဲ။ ရင်စေ့ရင်ခွာဖို့တော့ လျှာချော်တတ်တာ သဘာဝ။ စိတ်ထပ် ဘာသာစကားတွေ၊ အမှတ်ပေး သော့ချက်တွေ မြွေပွေးတွင်းလူးသလို စာတိုက်ပုံးထဲမှာ။ လေရဟတ်အိုရဲ့ ဇာတာသက်ဟာ တစ်နေ့နေ့တော့ ဆုံချက်မိတန်ကောင်းရဲ့ …. ဆုတောင်းတိုင်းမှာ လျှာရင်းက ရသာဖု ပျောက်နေတယ်။ လက်ချင်း ဖျစ်ညှစ်အောင် မျက်ရည်တွေနဲ့ ဖက်ယမ်းမွှေ့နှောက်ဖို့ အချိန်မရှိ။ ဥဒါန်းစကားစု စံလွဲသွားတိုင်း ဆွဲယူအရောင်ဟာ ၀တ္တုမဲ့။ လက်ချောင်းငုတ်တိုမှာ စွမ်းအင်ပုန်းတွေ ငမ်းမန်းတက်တိုင်း ဝေါဟာရဇာတာ ခက်မာခြင်းတွေ ဖြာဝေလို့။ တစ်ကယ်ဆို သင်းကွပ်စိတ်ထားဟာ ရေတိုအတွက် မြှောက်ဖော်ကိန်းမှ မလိုလောက်တာ။ အာရုံခံနိုင်စွမ်းတွေ ကိုယ်တည်းပဲ လက်ပန်းပေါက်ဖို့ အောင်းချိန် ဒီဂရီ ၄၁၇မှာ အရေးပေါ်လမ်းလွဲရန် ချိန်ရပ်နာရီ တပ်ထားလိုက်။ လက်ဖ၀ါးပေါ်က မာရသွန်ပွဲဟာ ထိလွဲနည်းနဲ့ ပဟေဠိဆန် ကောင်းတုန်းပဲ။ ရှုပ်ထွေးနုရွမှုတိုင်း အနုပညာဆန်တယ်ဆိုရင် ပိုးကိုက်ထားတဲ့ သစ်ရွက်က ဘူဇွာစိတ် မွေးချင်တော့မှာ။ ဒီလိုဆို ညှိမှုယန္တရားအတွက် ၀မ်းတွင်းရူး နာတဲ့တရားဟာ အို …. ချင်းဆိုး၊ နာ …. ချင်းဆိုး၊ သေ …. ချင်းဆိုး ဆိုပြီး ကတ္တီပါအိပ်စွပ် ထားလိုက်ကြရုံပေါ့။
Sorry, but Word Salad isn’t a food. It’s only a jumble of words and phrases that lacks logical coherence and meaning, often characteristic of disoriented individuals and persons with Schizophrenia. I’m not a Schizo, but I like Word Salad.