“ကျွန်တော့် အိမ်မက်”
မိုးပြာရောင် ကောင်းကင်အောက်က အဖြူရောင်တိမ်တိုက်တွေရယ် (တစ်ခါတစ်လေ အညိုရောင်တွေလည်းရှိတယ်)
လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ကြယ်လေးတွေ မရှိသလောက်ရှားတဲ့ ညတွေထဲမှာ
ကို့ ၊ကိုယ်၊ ကို ပျောက်လို့ လိုက်ရှာရတာလောက် အဖြစ်ဆိုးတဲ့ အကြောင်းသွားမရှာနဲ့  မရှိဘူး။
မျှော်လို့ ပဲ၊ လင့်ခဲ့သလားတော့ မသိဘူး မောဟနဲ့ မျောနေခဲ့တဲ့ နေ့ တွေ၊ညတွေ ( နေ့ တွေ၊ညတွေ )
မမေးပါနဲ့ လားဗျာ တစ်ကယ်ကို မသိတာ ဘယ်လောက်ကြာပြီလဲ ဆိုတာ
မိသားစု ရဲ့ အငွေ့ အသက် နဲ့ တွေ့ မှပဲ……….
ပျော်နေတဲ့ အပျော်တွေ အတုတွေမှန်း သိပါတယ် ဒါပေမယ့် ဘယ်တက်နိုင်မှာလဲ အစစ်က ပစ္စည်းရှားတယ်
အမိမြေမှာ တရုတ်ပစ္စည်း တွေနဲ့  အကျွမ်းတဝင်ရှိခဲ့ဖူးပြီးပြီပဲ
ဒါနဲ့ စကားမစပ် အပျော်အစစ်တွေရှိတယ်ဗျအဲဒီ့မှာ တန်ဖိုးထားတတ်ရင်ပေါ့ဗျာ။
ဟိုရောက်ဒီရောက် အတွေးတွေနဲ့  အိပ်မပျော်တဲ့ညတွေထဲမှာ ပျော်ဖို့ကောင်းတဲ့ စိတ်ကူးရင်အိမ်မက်တွေရှိတယ်
တစ်နေ့ နေ့ ကျရင်တော့ရောက်မှာ ပေါ့ဗျာ ကျွန်တော်ပြန်လာမဲ့ နေ့ တွေကိုလက်ချိုးရေ ပြီးစောင့်နေတဲ့ အမေ့လက်တွေ မကွေးသေးခင် မဆန့်သေးခင်
အဲဒီ့နေ့ ရောက်ရင် သားအမေ့ရင်ခွင်ထဲ ခေါင်းတိုးလို့  ဝင်ခဲ့မယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ကြယ်လေးတွေ မရှိသလောက်ရှားတဲ့ ညတွေထဲမှာ
ကို့ ၊ကိုယ်၊ ကို ပျောက်လို့ လိုက်ရှာရတာလောက် အဖြစ်ဆိုးတဲ့ အကြောင်းသွားမရှာနဲ့  မရှိဘူး။
မျှော်လို့ ပဲ၊ လင့်ခဲ့သလားတော့ မသိဘူး မောဟနဲ့ မျောနေခဲ့တဲ့ နေ့ တွေ၊ညတွေ ( နေ့ တွေ၊ညတွေ )
မမေးပါနဲ့ လားဗျာ တစ်ကယ်ကို မသိတာ ဘယ်လောက်ကြာပြီလဲ ဆိုတာ
…………
ကျွန်တော် တိုက်ဆိုင်မှုများဖြင့် နှစ်သက်စွာအားပေးသွားပါတယ်ခင်ဗျာ