မင်္ဂလာပါ (terry)
မတွေ့တာကြာပြီဝတ္တရားထက်
အသံနည်းနည်းလောက်ချဲ့စေချင်တယ်
စကားလုံးတွေထက်
အသံမဲ့မျက်လုံးတွေရဲ့
ယုတ္တိဗေဒကို
ပိုမိုယုံကြည်သင့်တယ် မဟုတ်လား
မပြောပါရစေနဲ့ …………ငါ့ကိုယုံပါ။
မပြောဖူးသေးတဲ့ ဂီတ
မကြားဖူးသေးတဲ့ လိပ်ပြာ
မထိုင်ဖူးသေးတဲ့ ကြယ်တွေနဲ့
မကြည့်ဖူးသေးတဲ့ ညနေ
သံစဉ်တွေကအစ
ယစ်မူးဖွယ်ကောင်းလွန်း
တက်လာမယ့်ဖဲ
မကြည့်ရဲရုံပါပဲ….
တစ်ဖက်ကတော့
သေချာလွန်းနေခဲ့
စက်ဝိုင်းတွေအကြောင်းကို
မျဉ်းဖြောင့်တွေကစပြောရသလို
ရာသီဥတုတွေအကြောင်းကို
တိမ်းစောင်းမှူ့ကစပြောရသလို
လက်မှတ်မရသေးတဲ့အနာဂတ်ကိုတော့
တဒင်္ဂတွေကနေစပြောကြရအောင်။
terry
Comment #3
မင်္ဂလာပါ . . ဂွတ်

Comment #4
arr pay twar par d

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လက်မှတ်မရသေးတဲ့အနာဂတ်ကိုတော့
တဒင်္ဂတွေကနေစပြောကြရအောင်။
ခင်ဗျားတွေ ပိုကောင်းလာတယ်ဗျ…(လုလင်)