ပဟေဠိ (terry)
ပြိုကျလာတဲ့ကြမ္မာက 13
အနက်ရောင်ဖြာကျနေတဲ့သစ်ပင်
လက်ဖ၀ါးတစ်ဖက်ကဆွဲဖွင့်လို့ မရတော့ဘူး
သော့ခတ်ထားတဲ့အခန်းထဲမှာ
ညဟာလည်နေတယ်
အမှတ်မထင်တွန်းချခံလိုက်ရတဲ့
မျက်ဝန်းကိုမျက်လုံးထဲမှာရှာကြည့်
မျှော်လင့်ခြင်းတွေဖွေးနေအောင်ပွင့်လို့ 
ဘယ်သူကတော့ထားခဲ့ချင်မှာလဲ
ထွက်ခွာဖို့ လက်မှတ်ဟာသံရှည်ဆွဲနေခဲ့
ဖိအားမပေးပါနဲ့ 
တိုက်ဆိုင်မှူ့ဆိုတာ
ဝိဥာဉ်လွယ်တဲ့ လေညွှန်တံဖြစ်တယ်
လိုအပ်မှူ့ကိုလိုအပ်တဲ့အခါမှပဲထုတ်သုံးမယ်
ကိုယ့်ပုစ္စာသာအခက်ဆုံးမဟုတ်လား
အချစ် နဲ့  ဘဝ
နှစ်သက်ရာကိုရွေးပါ
နှစ်ခုစလုံးမှာ
ဈေးနှူံးကိုယ်စီကပ်ထားတယ်။
terry(4.20.2012)
Comment #5
ကဗျာလေးတွေက ဖတ်လိုကောင်းတယ်နော်
terry.facebook ?
By: Noe at Sep 8, 2013
Comment #6
ဝိဥာဉ်လွယ်တဲ့လေညွှန်တံ
By: ဝေယံ at May 17, 2014
Comment #7
🙂 terryz terryz ပါ fACEBOOK ACC က
By: terry at May 18, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အချစ် နဲ့  ဘဝ
နှစ်သက်ရာကိုရွေးပါ
နှစ်ခုစလုံးမှာ
ဈေးနှူံးကိုယ်စီကပ်ထားတယ်။
အချစ်ရှိတဲ့ ဘဝနဲ့ ဘဝထဲက အချစ်ကို ရွေးပါတယ်။ ဈေးနှုန်းက အရေးမကြီးပါဘူး။ =)