ပေါင်သန်း(၁၀၀) နှင့် ကစားကွက်များ
ညနေ များတွင်…
ငုတ်တုတ်။……ကောင်းကင်များသို့  message ပို့ နေရင်း……..
ငါတစ်ယောက်တည်း လေထဲမှာလွှင့် မျှော……….
အိမ်အပြန်လမ်းများပျောက်ဆုံး ၍ —-ငါသည် လူအတ္တ တစ်ယောက်ဖြစ်သည်………
(——၉၈) တုန်းက……ငါသည် …
ကျွှဲ တစ်ကောင် ကို တီဗီ ပြ သ နေခဲ့ သည်…….
နွား တစ်ကောင်ကို ပလာတာ ကျွေးဖြစ်သည်…….
ငါသည်………. အတ္တ သမားတစ်ယောက်နည်းတူ…
မိန်းမ ငမ်းတက်သူ တစ်ယောက်ဖြစ်သည်……
( သို့ သော်… .၃၄ လမ်းသို့ ဘယ်တော့မှမသွားပေ….)
တိမ်တိုက်များတွင် လွှင့်ခဲ့သည် ….ပိတ်ဆုံးမှုများ ဝေဖန်မှုများနှင့်……အတူ က ခုန်ဖို့ 
ကြိုးစားရင်း…. သူမ သေဆုံးသွားပြန်သည်…..
ကြယ်များ … ကခုန်ကြသည်……
အရေးမကြီးဘူးထင်သည်….. ပိုက်ဆံများ… ကျွန်တော်တို့ ထံ အလည် ရောက်မလာပေ…..။
သူ မနည်း တူ… နှလုံးသား ၀ိညာဉ် သေဆုံးသွားပြန်သည်…..
ကျွန်တော် ဂီတာ တစ်လက်ကို ရိုက်ချိုးမိပြန်သည်……..။
အလွဲလွဲ အချောချော် နှင့် ကျောက်စက်များကို မျက်လုံးမှိတ် …
အိပ်တန်းတက် ပြန်သည်……။
ထိုသို့ နှင့် သက်တံများကို ဖမ်းမိသေးသည်……..။
အကြီးမားဆုံးသော ဆုံးရှုံးမှုများလည်းဖြစ်သည်….
အကျီးတန်သော….နေ့ စွဲများ ကျွန်တော့်ဆီသို့ တည့်တည့် ၀င်လာသည်…….
လေထဲမှာလဲပြိုခဲ့သည်…….
ထိုသို့ နှင့် ကျွန်တော့် သီချင်းတစ်ပုဒ်ဖြစ်သွားခဲ့သည်…………
ကစားကွက်တစ်ကွက်ကို လည်း ဆုံးရှုံးသွားပြန်သည်………..
အာကာ
Comment #1
ဖတ်သူတွေရဲ့ဦးနှောက်ကို တော်တော်အလုပ်ရှုပ်စေတဲ့ကဗျာကောင်းလေးပဲ
ဒီလိုကဗျာဆရာတွေရှိနေတဲ့အတွက် ၀မ်းသာပျော်ရွှင်မိပါတယ်ကိုအာကာ
ချစ်ခင်လျှက် . . .
ကိုသျှား