ကျွန်တော်နှင့်  စနေ (လုလင်ငယ်သွေး)
ဘာမှ မျှော်လင့် စရာ မရှိတဲ့  စနေ ( အားလပ်ရက် လည်း ဖြစ်သည်) ဟာ
အမှည့် လွန် စကားလုံးတွေနဲ့ ပဲ စီးဆင်းသွားတယ်
ဘ၀ ကို အချိန် နာရီထဲ ထည့် လည်ပတ်နေရတာကို
သဘောမကျလို့ နာရီတွေ အရည်ပျော် စေလိုက်တဲ့ 
ဒါလီ ( Dali) ကို သဘောကျတယ်
ဒါပေမဲ့ အရည်မပျော်တဲ့  ကျွန်တော် လက်ပတ်နာရီကို
ဒီစနေ သက်တမ်းမကုန်မခြင်း ကျွန်တော်ကို အဖော် လုပ်စေလိုက်တယ်
ဒီရက်သတ္တပတ် ကျွန်တော် ပိုင်ဆိုင်တဲ့ စနေဟာ
ဆင်လည်း မစီး ခြင်္သေ့ လည်း မပါတဲ့  LoGo တံဆိပ်ပါ အကျီ ၀တ်ပြီး
သူဟာသူ ဖာသိဖာသာ နေတယ်
အတွေး စိတ်ကူး အကြွင်း အကျန်လေးတောင် ကျွန်တော်ဆီ ပို့ မပေးဘူး
တချို့  ကျွန်တော် မပိုင်ဆိုင်တဲ့  စနေ ဟာ..ပင်လယ်ထဲမှာ
တချို့  ကျွန်တော် မပိုင်ဆိုင်တဲ့  စနေ ဟာ..အဲကွန်း ဖွင့်ထားတဲ့ ဇိမ်ခံ ကားတွေစီးလို့ 
တချို့  ကျွန်တော် မပိုင်ဆိုင်တဲ့  စနေ ဟာ..ပန်းခြံ ထဲမှာ ထီးရိပ်ခိုလို့ 
တချို့  ကျွန်တော် မပိုင်ဆိုင်တဲ့  စနေ ဟာ..မသေမသပ်နဲ့ ဘီယာစုပ်လို့ 
တချို့  ကျွန်တော် မပိုင်ဆိုင်တဲ့  စနေ ဟာ..၀မ်းရေး အတွက်နေပူထဲ မှာ
တချို့  ကျွန်တော် မပိုင်ဆိုင်တဲ့  စနေ ဟာ..နေပူ ပူမှာ အုပ် ၊ သဲ တွေ သယ် လို့ 
တချို့  ကျွန်တော် မပိုင်ဆိုင်တဲ့  စနေ ဟာ..လေးဖက်လေးတန် အုတ်တံတိုင်းတွေထဲမှာ
တချို့  ကျွန်တော် မပိုင်ဆိုင်တဲ့  စနေ ဟာ..မျက်ရည် တွေကျလို့  သောက တွေ ရောက်လို့ 
ကျွန်တော် အတွက်တော့ ဒီစနေ ဟာ နည်းနည်းမှ ဈေးဆစ်လို့ မရဘူး
ကျွန်တော် အတွက် ဒီစနေ ဟာ နှလုံးသားရဲ့  နေရာဒေသ
အဆုံးအစွန်ထိ မလေ့လာပဲ ပြန်ထွက်သွားတဲ့  သူ တွေကို လွမ်းခွင့်မရဘူး
ဒီ စနေမှာ ကိုယ်ကျင့်တရား ရောင်းဝယ် ဖောက်ကားခွင့်မရဘူး
ဒီစနေ နေညို ချိန် ဟာ နေထွက်ချိန် နဲ့  သိပ်မကွာဘူး
ဒီစနေ ဟာ ကျွန်တော်အတွက်တော့
သုံးစွဲ ပြီးသမျှ ဘ၀ ကို ပြန်လည် သုံးသပ် နေယုံ မျှ တပါး..။ ။ (လုလင်ငယ်သွေး)
Comment #3
လုလင်ငယ်သွေးဆိုတာ …………… ကျွန်တော့်အသိတစ်ယောက်များဖြစ်နေမလား………..။
စနေတွေထဲမှာတော့ ဒီစနေကို အကြိုက်ဆုံးပဲ
Comment #1
ကိုလုလင် ပျောက်နေတယ်နော် ကြာဆို ကြာလှပြီ
စနေ့ဖွဲ့ကဗျာလေးကို ထပ်တူရင်ထိအရောက် သယ်ယူသွားပါတယ်
တော်တော်လေးကို ကြိုက်တယ်ဗျာ
ချစ်ခင်လျှက် . . .
ကိုသျှား