”အတ္တချော့ မြူတေး”
ငါ့  နံနက်ခင်းရဲ့  တံခါးကို ငါဆွဲဖွင့် လိုက်တယ်
မသန့် စင်မှန်းသိသိနဲ့  ငါ့ကိုငါ သန့် စင်နေမိတယ်
ဖြည့် လို့ မဆုံးတော့တဲ့ အဟာရကို ထပ်ဖြည့် မိခဲ့တယ်
ကားလို့ မဆုံးတော့တဲ့  စကားတွေကို လူတချို့ နဲ့  ကားမိခဲ့တယ်……….
လုံးသလောက်ပန်းတဲ့ စားဝတ်နေရေးအတွက် လုံးပန်းကြည့် ရမယ်
ရောင်းလို့ မကောင်းတဲ့ စာတချို့  ကျွန်းစားပွဲပေါ်တင်လိုက်တော့
အမြှီးဖြတ် ခေါင်းဖြတ်နဲ့  ရေခဲရိုက်နေတာကို အံကြိတ်ပြီးတော့
စက္ကူ စက္ကူခြင်းလဲယူခဲ့မိတယ်…..
ဘယ်စက္ကူကအစစ်လဲတော့မသိဘူး……..
ဘယ်လိုမှပြင်လို့ မရတော့တဲ့ ငါ့ခြေထေက်အောက်က
ကတ်ထီပါ ဖိနပ်တရံကို ဆွဲယူလိုက်မိတယ်
ဘယ်၇ယ်ညာရယ် မဟုတ်ဘဲ မြောက်မှတောင်ကြည့်လိုက်တယ်
သားရည်စိမ်းကိုခွာပြီး လွယ်အိတ်ထဲထည့် လိုက်တယ်…….
“သြော်…ငါဆေးသောက်ရအုံးမယ်”
”ခါးလိုက်တာ………..“
“တိလောက“