“ဒလိုင်းဘားမားရဲ့  ပုဝါတစ်စ“
အပြာရောင်မြက်ခင်းနဲ့ ….အစိမ်းရောင်ကောင်းကင်
ဒါ…ငါ့ယုံကြည်ချက်…….အမှန်လား…..
ဦးနှောက်နဲ့ ရင်ဘတ်ကို…တန်းတူအခွင့်အရေးပေးခဲ့လို့ 
ငါ့…ညတွေဘုံဆိုင်နဲ့ …ထိမ်းမြှားခဲ့ရတယ်
ကြယ်တွေက….ရွှေဝါရောင်လူသားတွေကို သတ်ခဲ့တော့ 
ငါတို့ အားလုံး…ကမ္ဘာဦးအစကို…
ပြန်ရောက်သွားကြတယ်….
စိတ်ချပါကောင်မလေး…မင်းပေးတဲ့…
အဖြူရောင်ပုဝါလေးကို…
နေရောင်အောက်မှာ…ငါဘယ်တော့ မှ…
ထုတ်မဆောင်းဘူး…
မြှားတွေ စကားတွေကြားမှာ…
ငါနဲ့ အတူ…ရှေ့ ဆက်တိုးနေရင်…
သပြေပန်းတွေက… လှောင်ပြောင်ကြမှာ…
မင်းမစိုးရိမ်ဘူးလား…
မင်းသာ စိတ်ဝင်စားမယ်ဆိုရင်…
ဒီတခေါက်…တတ်လာမဲ့…လှိုင်းလုံးတွေထဲမှာ…
မင်းကိုတခါ…လောက်တော့ ….
“နောက်ဆုံး အနမ်းလေးပေးခွင့်ရချင်တယ်“
“တိလောက“
ခက်ဆစ်
ကြယ် =တပ်မတော်သားများ၏ ပခုံးမှရာထူးခွဲခြားသော အမှတ်အသား
ရွှေဝါရောင်လူသား =ဘုရား၏သားတော်များဖြစ်သော သံဃာတော်များ
အဖြူရောင်ပုဝါ =သန့် ရှင်းစင်ကြယ်သော မေတ္တာဖြင့်တူသော ပိတ်စ
မြှား =အသက်သေစေနိုင်သော လူသတ်လက်နက် တစ်မျိုး
သပြေပန်း =ရှေ့ တန်းစစ်မျက်နှာမှ ပြန်လာသော စစ်သားများအား
ကြိုဆိုသောအခါသုံးသောအောင်ပန်းတစ်မျိုး
Comment #1
wow,,,,,
really exciting