ဒဏ်ရာမကင်းသောလူ၏ ဇာတ်ကြောင်းများ
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}
Ø ဒဏ်ရာ မကင်းတဲ့လူ…
အလွမ်းတွေ တောင်လိုပုံလာတယ်
ကဗျာတွေ မှိုလိုပေါက်လာတယ်…
Ø သြော်…သက်တန့်ဆိုတာ
မြင်ရခဲတယ်လေ ဆိုပြီး
တစ်မျှော်တစ်ခေါ်ကိုငေးမော
ပြယ်ချိန်တန်တော့ လူဟာ
မျက်ရည်ရွှဲရွှဲနဲ့…
Ø သံယောစဉ်တွေကတော့
တုပ်နှောင်မိခဲ့ပြီ…နှင်းမွန်မြတ်ဆွေရေ…
အဲ့ဒီ့အတွက်ကြောင့်
နေထိုင်ခဲ့ရာ မြို့ကလေးကိုပါ ရောယောင်
လွမ်းနေရတာ…
Ø မပြောမပြီး၊ မတီးမမြည်
လေလှိုင်းပေါ်မှတဆင့်
စကားသံတို့ ပါးလိုက်ပါရဲ့…
ငြိမ်းချမ်းစွာပင် ရှိနေစေသားကွယ်…
Ø တစ်နေ့ပြီးတစ်နေ့
အိပ်မက်တွေ ထပ်လာတယ်…
အငွေ့အသက်တွေ မွန်းကြပ်လာတယ်…
အကွာအဝေးတွေကို ဆွဲဖြဲပစ်ပြီး
နင့်ဆီပြေးလာချင်စိတ်တွေ ပြင်းထန်လာတယ်…
Ø နင်ပျော်ရွှင်စွာပင် ရှိနေစေသား…
ဖုန်းခေါ်သံတွေက ခြောက်ကပ်နေသလား…
ငါ…တိတ်ဆိတ်နေတာပါ
တိတ်ဆိတ်မိနေတာပါ…
ဒီလိုပဲ…ငါ
စကားလုံးတွေကပျောက်ရှသွားတတ်တယ်…
Ø တစ်မိုးတော့သစ်ပြီ
နွေရက်ရှည်တွေဟာ ကျန်ခဲ့သယောင်
ရှိပေမယ့် ငါ့ဆီမှာတကယ် ရှိနေသေးတယ်…
ငါ…အမှတ်တရအဖြစ် သိမ်းထားခဲ့တာ…ပေါ့ကွယ်
Ø ငါ့ခံစားချက်တွေမှာ
အမှားတွေ ပါသွားခဲ့မိရင်
စိတ်မဆိုးပါနဲ့…
ရှင်းရှင်းပြောရရင် ငါဟာ
နင့်အတွက်နဲ့ စိတ်ရှုပ်နေရတဲ့လူ…
Ø ဘာမှမဖြစ်ပါပဲ
ဘာမှ မဆိုးရွားပါပဲနဲ့
ငါ တငွေ့ငွေ့နဲ့ ပူလောင်နေခဲ့…
ချစ်မိသူဆိုတာ ဒီလိုပါပဲလေ လို့
ဖြေသိမ့်ရင်း
ငါ
နင့်ကို
သတိရတယ်…
Ø ငါ့ရဲ့အဝေးမှာ
နင်
နင့်အမ
နင့်မိသားစု
နင့် မိတ်ဆွေများနှင့် တကွ
နင်
သာယာပျော်ရွှင်စွာ ရှိပါစေသား…
@ ရွှေ ကြယ် မိုး
Comment #1
koh chit ya de thu ne a tu shi nay de a chain lout be pyaw naing hmar le loh?