….ရာသီပေါ် .. .. ရောဂါ ( စိတ် )..ရောင်းတမ်း …. ( sharon )
ဝင် ပါ .. ၀င် ခဲ့ 
မိတ် ဆက် ( မွေးဖွား )
ရွေး ချယ် …
ခံစားပါ …ခံစားလိုက်
ပြီး …
အန် ချ စိတ် အနာ
ကဗျာ …. လား
စတင် လိုက် တာ နဲ့  .. သွေးကြော ချည် (ဖြတ်) ခံလိုက်ရတယ်
ရူးး ပေါ့
နာ့ဗ် ကြောတွေ ထုံကျင်
စိတ် .. စွမ်းရည် ကျ
ဟေး….
အယ်(လ်) ကိုဟော ….
ဟေး ….
နာတယ် .. (နာအောင်ပဲပြန်ပြန်ဆွမိ ) ဒီအနာ
စိတ် အမြှေးပါးတွေ .ပါးပါးလျ
တို့ ထိရုံ နဲ့  ပျက်ပျက် ကျ တယ်
ထွေး လိုက် … ၀ါးလိုက်… ထွေး လိုက်
ကြည့်လိုက် ..ကြည့်
တစိတ်တဒေသ … ကနဦးရုပ်လွှာ ..
အမောတကော အိုစာ …
မက်ဇမာရီဇင်
သူ (ခင်ဗျား) ကောင်းကောင်းတတ်မြောက် ထား တယ် ( ထင်)
စိတ်…..
ဟေး ….
လူ့ အကြောင်း သိချင်လား
ဘ၀ တစ်ခုခု ကို နားလည် ချင်လားး
ဆန္ဒ တွေ ကို မြင်ချင်လား
စာနာမှု ကို သင်ယူချင်လား
ရင်ခွဲ ရုံ နံ့ များများ ရှူ ကြည့်
အဟက် … ဘ၀ ဆို တာ ကို ခင်ဗျား သိလာလိမ့်မယ်
…… သေဆုံးခြင်း က မွေးဖွားခြင်းနဲ့  ထပ်တူ ကျ ၇ဲ့ လား ……
…… တစ်ခုခုရချင်တယ် မလားး
တစ်ခုခု ပေးလိုက်ပေါ့ …….
ဟေး… စိတ်
အမြင်ကျဉ်း (မကန်းတကန်း)
ဦးနှောက်
ပြီး … မှ
နှ လုံး သား .. တဲ့ 
….. ထုံး စံ ကို ဖြစ် လို့  …..
sharon ( 5:17 pm )
23. 4. 2012
Comment #2
Lyrics ကဗျာကနေ မလွတ်မြောက်သေးဘူးဗျ
ငါဗဟိုပြုတာကိုဖယ်ထုတ်လိုက်ပါ ပြောင်းလဲချင်ရင်တော့ ပင်ပန်းမှာပါပဲ
ဘာသာစကားဗဟိုပြုမှုမဟုတ်သေးဘူးလို့ ကျွန်တော်အကြံပြုလိုတယ်
(ဒါပေမယ့် ဘာသာစကားကိုဗဟိုပြုချင်နေပုံပဲ)
လူ့ အကြောင်း သိချင်လား
ဘ၀ တစ်ခုခု ကို နားလည် ချင်လားး
ဆန္ဒ တွေ ကို မြင်ချင်လား
စာနာမှု ကို သင်ယူချင်လား
ရင်ခွဲ ရုံ နံ့ များများ ရှူ ကြည့်(အဲ့နားတွေမှာလိုင်းတွေကိုအတင်းကြီးဆွဲထည့်ထားတယ်)
ပီးတော့ တစ်ခုခု (တခုခုမဟုတ်)
သင်ယူပါ အရေးအသားက ဗဟိုပြုလိုတဲ့ပုံက ဘာသာစကားကို အခြေပြုမယ် ပီးရင် ကော်လာဂ်ျ့ပုံတွေ လက်ရဲဇက်ရဲသုံးမယ်သဘောပါပဲ ကြိုးစားပါ အမျိုးသမီးကဗျာဆရာတွေထဲကမှ ခံစားမှုကဗျာဆရာမတွေထဲမှာ ခင်ဗျားနဲ့နောက်ထပ်တစ်ယောက်နှစ်ယောက်ကို အကြိုက်ဆုံးပဲ တည်ဆောက်မှုကဗျာတွေရေးမယ်ဆိုရင်တော့ လေ့လာပါရှရွန်
(သင့်ရဲ့ မိတ်ဆွေ လူနို+)
Comment #4
အင်း ခင်ဗျားတိုင်းရင်းသူဆိုတာလည်း ကျွန်တော်သိပါတယ်
ခင်ဗျား ဘာသာစကားမကြွယ်ဘူးဆိုတာတော့ မနှိမ့်ချပါနဲ့လို့ပဲ ကျွန်တော်ပြောချင်ပါတယ်
ခင်ဗျားနဲ့ကောင်းကောင်းသိသူတစ်ယောက်ပါ ခင်ဗျား ဘာသာစကား အဲ့လောက်အားမနည်းပါဘူး အထူးသဖြင့် ကဗျာဓါတ်မှာအကောင်းဆုံးဖြစ်တဲ့ ကဗျာဆရာ စိုင်းဝင်းမြင့်(ကျွန်တော့်အမြင်ပါ)ကို လက်ဆွဲထားသူတစ်ယောက်ဟာ အဲ့လောက်ညံသူမဟုတ်ပါဘူး ပီးတော့ ခင်ဗျားကခံစားမှုအမှီလိုက်နိုင်တဲ့ကဗျာဆရာမတစ်ယောက်ပါ ကျွန်တော်ကအကြံပေးယုံသက်သက်ပါ ကျွန်တော်ကိုယ်တိုင်လည်း ဘာကောင်မှ မဟုတ်ပါဘူး အထူးသဖြင့်ဆရာလုပ်တယ်လို့ ထင်မှာဆိုးလို့ပါ တော်လေပြီ(လူနို+)
Comment #5
အကြံပေးခံရခြင်း ကို ကျနော် ဂုဏ် ယူပါတယ်
ကျနော် ကြိုးစားပါ့မယ်
ကျေးဇူးပါ
Comment #1
ကဗျာကို တော်တော် ကြိုကိမိတယ်ဗျာ…