“””ဆေးကောင်း သမားကောင်း …”””
ကဗျာပါပဲ …
စိုပြေခြင်းလေညင်းတွေကို
ရက်ရက်ရောရာ တိုက်ခတ်ပေးတယ် …
အပြုံးဆိုတာ မသိတဲ့ ငါ့အထီးကျန်ခြင်းတွေ
အခုတော့ သူတို့ရယ်သံတွေ
ပင်လယ်ပြင်ကြီးကို
ဖို့ပစ်လို့တောင် ရနေပြီ …
ကဗျာပါပဲ …
ဖြေသာခြင်းအိပ်မက်တွေကို
လှိုက်လှိုက်လှဲလှဲမက်ခွင့်ပေးတယ် …
ငါ့ညတွေရဲ့ အေးမြခြင်းသံစဉ် …
ငါ နာကျင်တဲ့အချိန်တွေမှာ
အားပေးနှိမ့်သိမ့်တယ် …
ညတိုင်း ငါခိုဝင်တဲ့ အမှောင်အုတ်ဂူတွေရှေ့က
သူရဲကောင်း …
ကဗျာပါပဲ …
သူနဲ့ ငါ …
တိုက်ပွဲခွာသံတွေအောက်မှာ …
လွတ်လွတ်လပ်ရယ်မောခဲ့ကြသေးတယ် …
ကဗျာပါပဲ …
ချစ်သူရဲ့ ကန္တာရရင်ခွင်ကြီးအောက်မှာ …
ငါ …
စိတ်ပျက်စရာစုတ်ဖြဲခံရတဲ့နေ့က
အပြန်လမ်းမှာ ကဗျာငါ့ကို မိုးစက်တွေနဲ့အတူ …
ငါ့ကို ချော့သိပ်တယ် …
ရှိုက်နမ်းတယ် …
ကဗျာရယ် …
မင်း တည်ပျိုးပေးလိုက်တဲ့ ငါ့ရနံ့လေးတွေ …
အခုဆို လေပြည်တွေတလျှောက် …
သာယာမှုနဲ့ ငါယစ်မှုးပျော်ရွှင်တတ်ရပြီ …
ကဗျာပါပဲ …
အတုအယောင်မဟုတ်တဲ့ သံယောဇဉ်နဲ့
ငါ့အနား လိုအပ်ချိန်တိုင်း ရှိနေပေးတာ …
လောကကြီးရဲ့ ထားနေကျ …
အတုအယောင်မေတ္တာကို သွေဖယ်တယ်လေ …
ကဗျာပါပဲ …
ငါကလဲ အတုအယောင်မဟုတ်ဘဲ
မေတ္တာစ်မှန်တွေနဲ့သာ ပေါင်းသင်းကာ
လက်ပွန်းတတီးခုံမင်လာခဲ့တာ …
တချိန်ကပါ …
ကဗျာပါပဲ …
အတုအယောင်ခံစားချက်နဲ့ ကဗျာနဲ့ ငါ …
လုံးဝမအပ်စပ်ခဲ့တာ …
ကဗျာ …
ကဗျာ …
ကဗျာ …
ငါသေချာချင်တယ် …
သေချာနေမယ် …
လေပြည်အပြုံးမှာ …
ငါ့ကျရှုံးပြီး ဝေဟင်မှာ
ကားစင်တင်ခံရရင်တောင် …
ကဗျာဟာ ငါ့အတွက်…
အတုအယောင်ကယ်တင်ရှင်မဟုတ်ဘူး …
ကဗျာဟာ …
အတုအယောင်မဟုတ်ဘူး …
အစစ်အမှန်တွေထက် သာတယ် …
ကဗျာပါပဲ …
ငါ့နှလုံးသားရဲ့ အသေခံဆေးသမား …။။။..။။။…