ဆိုင်သူမသိ မျက်ရည်
မငိုကြွေးဖို့ မတားကြပါနဲ့
ရင်ထဲက ပေါက်ဖွားလာတဲ့
နာကျင်ကြေကွဲမှုကြောင့်
ကျတဲ့မျက်ရည် သူမမြင်ပါဘူး
မဟားကြပါနဲ့
အချစ်ကိုကစားတတ်အောင်ထိ
ငါမကျွမ်းခဲ့ဘူး
မသနားကြပါနဲ့
ငါ့ဇာတ်ကိုငါခင်း
ပွဲပြီးတော့လည်း
လက်ခုပ်သံအချို့တော့
ခံယူမိခဲ့တယ်
လှည့်မကြည့်ပါနဲ့
အချစ်နဲ့အရာရာနားလည်ခဲ့လို့
သူ့စိတ်ထဲ ဘယ်လိုရှိ
ငါသိတတ်ခဲ့
မမုန်းပါရစေနဲ့
“ဒီတစ်သက်” ဆိုတဲ့စကားကို
နှုတ်ချည်းသက်သက်နဲ့
ပြောထွက်ခဲ့တာ
မဟုတ်လို့ပါ
အပြုံးတစ်ချက်နဲ့
နှုတ်ဆက်တဲ့အခါ
မာနမျက်နှာဖုံးကိုစွပ်
နောက်ဆုံးအချိန်ထိ
ငါ့ရှိုက်သံ
သူမကြားစေရဘူး ။ ။
Comment #3
nay naing lun thu g

Comment #4
လှည့်မကြည့်ပါနဲ့
အချစ်နဲ့အရာရာနားလည်ခဲ့လို့
သူ့စိတ်ထဲ ဘယ်လိုရှိ
ငါသိတတ်ခဲ့
မမုန်းပါရစေနဲ့
“ဒီတစ်သက်” ဆိုတဲ့စကားကို
နှုတ်ချည်းသက်သက်နဲ့
ပြောထွက်ခဲ့တာ
မဟုတ်လို့ပါ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သိုသိပ်လှချည်လား
ကောင်းပါတယ်