ချစ်တဲ့သူ
အပြောလေးတောင်မမှားရဲအောင်
စိတ်ကောက်တတ်တာ
ကျွန်မရဲ့ ချစ်သူ
စိတ်မချခြင်းတွေနဲ့
သ၀န်တွေတိုနေတတ်တဲ့
ကျွန်မရဲ့ချစ်သူ
စိတ်ဆိုးအောင် စပြီး
ကျေနပ်အောင်လဲ ပြန်ချော့တတ်တဲ့
ကျွန်မရဲ့ချစ်သူ
သူ့ကိုချစ်မိကြောင်းဘယ်ချိန်
ဘယ်လိုပြောပြော မယုံတာလဲ
ကျွန်မရဲ့ ချစ်သူ
အနားနားမှာရှိရင် စိတ်ချမ်းသာစေသူ
အဝေးဝေးမှာရှိရင် အတွေးထဲရှိနေသူ
အော်…ချစ်သူ..ချစ်သူ ဘယ်လိုလေးမှန်းမသိလူကို
ဆွဲဆောင်နိုင်ခဲ့တာလဲ ကျွန်မရဲ့ ချစ်တဲ့သူ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,,, 🙂
ei lay le d poem hte ka a tine pe, 😉
a yan chit loh phyit twar tar par.
choke che tar hote par bu.
chit tar lae ko ta nar p kwint hlut pay like par naw.
he,,he,,ba wa tu tway moh loh.;)