ဧရာဝတီရဲ့  သတ္တိ
ရေတွေစီးတယ်…လေတွေကြီးတယ်
တခဏတာ…ရှူးသွပ်သွားကြတယ်
အမှောင်ထဲမှာသူကအရာအားလုံးကို…နာကျင်အော်ဟစ် နေစေတယ်…
သူလိုချင်တာ..အရာအားလုံး…ပျက်သုန်းဖို့ နဲ့ 
ငိုယိုတောင်းပန်တာကို…အရသာခံကြည့် ဖို့ …
တကယ်လဲသူ့ ရဲ့ လောကဓံ…ထောင်ချောက်က…ပြိုင်ဘက်မရှိ
အစွမ်းထက်လှပါတယ်…အားလုံးလဲခယသွားတယ်…
ရေတွေလဲငြိမ်သွားတယ်…လေတွေလဲငြိမ်သွားတယ်…
ပြီးတော့ …အရာရာတွေလဲ ငြိမ်သွားတယ်….
အသံတွေလဲ…တိမ်သွားကြတယ်…ရင်ဘတ်တွေထဲမှာ
လိုင်းတွေလဲစီး နေတယ်…ဆိုင်းတွေလဲတီးနေတယ်…
ဒေါသတွေလဲကြီးနေတယ်…
အသားတွေလဲ တုံတယ်…တရားတွေလဲစုံတယ်…
မြတ်စွာဘုရားကို…ဝပ်တွားဦးခိုက်တယ်….
ဝဋ်ကြွေးတွေကို…ကြေအောင်ဆပ်လိုက်မယ်…
နောက်တစ်ခါ…ငါတို့ ဧရာဝတီကိုလာထိရင်တော့ 
“တိလောက“
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
wow,
so strong?