သိလဲပဲ
ဝမ်းကြာတိုက်ကစ သရဏဂုံနဲ့ဆုံး
ဘယ်အရာမှ မမြဲထုံး
နှလုံးသွင်းရင်း
ရှုန်းရင်း၊ နစ်ရင်း
နစ်ရင်း၊ ရှုန်းရင်း
ဆဟာရကို အာဟာရလို့ထင်
မက်မပြေ တဏှာရည်ကို
မောင်ကျန်တစ်တို့လို
သံသရာမှာ ခဏခဏ
တို့ရင်းတို့ရင်း……………..
နေလေဦးဟဲ့။
ချုပ်ငြိမ်းရာအစစ်
အသစ်အသစ်သောနေရာ။
ဖိုးကိုက်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,, 😉
hote dot hote de,,,
dar pay me,,,,,,,,,
he,,he,,, 😉