ကျိန်စာ
အမှား
ဘဝအတွက် အမှား
နှလုံးသားအတွက် အမှား
အချစ်အတွက် အမှား။
နင်ပေးတဲ့
အဆိပ်ရည်ကိုမှ
ချိုတယ်ထင်ခဲ့တဲ့
ငါ့ကိုမှ
ပစ်ထားရက်ခဲ့တဲ့ နင့်အမှား။
စနက်တံဖောက်သလို
ထွက်ကျလာတဲ့
နင့်ပါးစပ်က
စကားကိုမှ
တန်ဖိုးထားခဲ့တဲ့ ငါ့အမှား။
ခုနေတော့
နင့်ဖြစ်တည်မှု
နင့်ကတိစကားတွေ
ငါ့ရင်ဘတ်ထဲ
ငရဲမီးလောင်မြိုက်နေပြီ။
လက်တွေ့ ဆန်တဲ့ ငါ
သံသရာအတွက် ဆုမတောင်းဘူးဟာ
ခုလက်ရှိအတွက် နင်ဟာ
ငါ့အမုန်းအတွက် ပေးဆပ်ရစေ
ကျိန်စာတိုက်လိုက်တယ်။
မေသူ
Comment #3
inn,,hote de,
ho lay,,,,,ne ne kyauk twar de,

Comment #5
&__&
&__&
&__&

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ekkkkkkkkkkk
kyauk sa yar g,,