ချစ်သူ့ ထံသို့
မျက်ဝန်းတစ်စုံရှိလေရဲ့
လှလွန်းတော့လည်း
ခဏခဏ
ကြည့်မိတော့တာပေါ့………..။
မျက်နှာလှလှ
တစ်ခုရှိလေရဲ့
မေ့မရတော့လည်း
ဦးနှောက်ထဲစွဲနေချေလေရဲ့……။
နုတ်ခမ်းတစ်ချို့ရှိလေရဲ့
ပြောသင့်ပေမယ့်
ပြောမထွက်ခဲ့တဲ့အတွက်
ညနေခင်းတိုင်း နာမည်တစ်ခုကို
ရေရွတ်နေရတယ်………….။
တစ်ချို့တွေက
ပါးစပ်နဲ့ချစ်ကြတယ်
တစ်ချို့ကဦးနှောက်သုံးပြီးချစ်တယ်
ကျွန်တော်လိုအရှုးမျိုးကျတော့
နှလုံးသားကို ရက်ရက်ရောရောကို
ပေးပြီးချစ်ခဲ့တယ်
မြတ်မြတ်နိုးနိုးချစ်ခဲ့တယ်လေ
အချစ်ဆိုတာကို နားမလည်တဲ့လူတစ်ချို့ရှိတယ်ဆိုတာ
နှလုံးသားတစ်ခုရင်းပြီးကျွန်တော်သိလိုက်တယ်…….။
အခုတော့လည်း
နေ၀င်ချိန်တွေကို
ရေတွက်ရင်း
ခြေလှမ်းတစ်စုံကိုစောင့်ရင်း
မျက်ဝန်းတစုံကိုတွေ့ဖို့ကိုမျှော်ငေးရင်း
နှလုံးသားတစ်ခုကိုပေးဖို့ကိုစောင့်ရင်း
ကျွန်တော် စောင့်နေပါတယ်…..။
Comment #3
so so,,
if miss so much,felt sick.
if felt lonely,cry.
if felt angry,eat alot.
if felt depress,walk out alone on the street.
if suffer pain,drink pills & go to clinic.
my works r normal line.
i spent my free time at poems corner mostly.
it’s all of my daily life.
why do u hide for long time?
Comment #4
i m waiting
*-*
*-*
*-*
Comment #1
hey,,,,,,,,how r u?
ko moe g,,long time no c,
i miss ur poems.