ကဗျာဆက်
ဘယ်ပင်ကြည့်ကြည့်
သာဘိကြည်လင်
တောင်တန်းကြီးပင်
ပြုံးထင်သဟာ
ညမွှေးပန်းတုံ
သင်းထုံပျံ့ နှံ့ 
ဘယ်ပုံပမာ
နှိုင်းရာမရှိ
တိုင်းထွာမသိ
ပျော်၏သခင်
ကံပေါ်ထူး၍
သခင့်တော်ထံ
ကဗျာပန်ဆက်
ထမ်းရွက်အမှု
ခုရပြီမို့ 
သည်အခွင့်ထူး
ရသင့်ခိုက်တွင်
သခင်ပျော်မြူး
မျှော်ရည်သန်ကာ
ကော်ပီမကူး
ရင်ကိုတူးလျက်
ဆက်သပါသည်။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
so nice,
ei lay ka ma yae tat loh copy ku tar par naw.
he,,he,, 😀