ကျွန်တော်လွမ်းနေသည်
စကားတွေပြောခဲ့ဘူးတယ်
စကားပုံတွေဝှက်ခဲ့ကြတယ်
အတန်းတွေလစ်ခဲ့ဖူးတယ်
ကောင်မလေးတွေကိုနောက်ခဲ့ဖူးတယ်
တခါတလေ
ငါတို့စာကျက်တယ်
တခါတလေ
ငါတို့စာရွက်အတိုအစတွေလုပ်တယ်
တခါတလေ
စာမေးပွဲခန်းထဲအိပ်ကျတယ်
တခါတလေ
ကျူရှင်ယူကြတယ်
ငါတို့တတွေ
လက်တွေတွဲခဲ့ဖူးတယ်
တက္ကသိုယ်သီချင်းတွေညည်းဖူးတယ်
ကျောင်းရှေ့ကမထင်မရှား
လက်ဘက်ရည်ဆိုင်လေးမှာ
တခါပြင်တွေမှားစားပြီး
ဂစ်တာတီးပြီးသီချင်းတွေ
ဆိုခဲ့ဖူးတယ်….။
ဆရာတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်း
ကြီးကြီးကျယ်ကျယ် ပြောခဲ့ဖူးသေးတယ်…။
တစ်ခါတလေ စိတ်ဓါတ်ကျကြတယ်
တစ်ခါတလေ ပျော်နေကြတယ်
ကျောင်းကားမမှီအောင်
ကျားထိုးခဲ့ဖူးတယ်
မင်းလည်းချစ်ခဲ့ဖူးတယ်
ငါလည်းချစ်ခဲ့ဖူးတယ်
ဦးပြောင်ကြီးလည်းချစ်ခဲ့ဖူးတယ်
ဓါတုဗေဒ Queen ကချောတယ်
ဆိုက်ကို King ကြီးကပဲ့တယ်နဲ့
Therater မှာထိုင်ရင်း
နေ၀င်ချိန်ကို မျှော်ခဲ့ကြတယ်
လက်မှတ်တွေ ခိုးထိုးတယ်
ကျူတိုရိရယ်တွေ ခိုးဖြေကြတယ်
ငါ တို့ကျောင်းထဲမှာ
တော်တော်များများကို အာရုံနောက်အောင်
လုပ်ခဲ့ဖူးတယ်
အယောင်ဆောင်ခဲ့တယ်
ကတုံးဆိုရင် အုန်းလက်နွှားတောင် စီးခဲ့သေးတယ်
ဘာပဲဖြစ်ဖြစ် ငါတို့
သတိမထားမိတဲ့
လက်ပတ်နာရီတစ်ချို့ က
အခုတော့ သူတို့တန်ဖိုးရှိကြောင်းကြွားနေကြပြီ
တချိန်ကပုခုံးဖက်ခဲ့တဲ့ ငါ့အကောင်တွေ
ငါထမင်းဘူးမပါလို့ သူထမင်းချိုင့်ခွဲကျွေးခဲ့တဲ့ ကောင်မလေးရယ်
ဦးပြောင်ကြီးဆိုင်က မကောင်းမကန်း ထမင်းသုတ်ရယ်
ညောင်နီရွက် ကတုတ်ထိုးတချို့ရယ်
ကျားခုံကလေးရယ်
Therater ကြီးရယ် မော်ကွန်းထိန်းရယ်
သူမနဲ့ ဂိမ်းကစားခဲ့တဲ့ ပါရမီဘတ်စ်တချို့ရယ်
အမြဲတမ်းနောက်ကျတတ်တဲ့
မီးရထားကြီးရယ်
အ၀စားထမင်းဆိုင်လေးရယ်
အခုတော့လေ
ငါလွမ်းမှန်းမသိလွမ်းနေရပြီ
မင်းတို့ကောငါ့ကို………………………..။
Comment #2
ဘ၀ရဲ့အပျော်ဆုံးနေ့ရက်တွေ
အမှတ်အရဆုံးနေ့တွေဆိုရင်
ကျောင်းတက်ခဲ့တဲ့နေ့တွေပဲ
လက်မှတ်တွေ ခိုးထိုးတယ်
ကျူတိုရိရယ်တွေ ခိုးဖြေကြတယ်
ငါ တို့ကျောင်းထဲမှာ
တော်တော်များများကို အာရုံနောက်အောင်
လုပ်ခဲ့ဖူးတယ်

Comment #3
အော် ငါလည်း မင်းလိုပါပဲ
လွမ်းလိုက်မိတယ်
ကျောင်းချင်းမတူပေမယ့်
အလွမ်းချင်းတော့ တူတယ်

Comment #4
အတန်းတွေလစ်ခဲ့ဖူးတယ်
ကောင်မလေးတွေကိုနောက်ခဲ့ဖူးတယ်တခါတလေ
စာမေးပွဲခန်းထဲအိပ်ကျတယ်တစ်ခါတလေ စိတ်ဓါတ်ကျကြတယ်
တစ်ခါတလေ ပျော်နေကြတယ်
ခံစားချက်ခြင်းတူတာများပါတယ်
အားပေးသွားပါတယ် ……. အစ်ကိုတော့မသိဘူး ကျွန်တော်တို့တစ်ဖွဲ့ကတော့ ကျောင်းတော်တော်လစ်တယ် ……..

Comment #5
ကဗျာပုံစံလေးက ဆန်းတယ်ဗျ
အားပေးသွားပါတယ်..
်

Comment #6
ကျုရှင်အားကိုးနဲ့အတန်းတွေလစ်ပီး ရုပ်ရှင်ကြည့်တယ်……….ဟိ

Comment #7
ငါတို့တတွေ
လက်တွေတွဲခဲ့ဖူးတယ်
တက္ကသိုယ်သီချင်းတွေညည်းဖူးတယ်
ကျောင်းရှေ့ကမထင်မရှား
လက်ဘက်ရည်ဆိုင်လေးမှာ
တခါပြင်တွေမှားစားပြီး
ဂစ်တာတီးပြီးသီချင်းတွေ
ဆိုခဲ့ဖူးတယ်….။
ဆရာတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်း
ကြီးကြီးကျယ်ကျယ် ပြောခဲ့ဖူးသေးတယ်…။
တစ်ခါတလေ စိတ်ဓါတ်ကျကြတယ်
တစ်ခါတလေ ပျော်နေကြတယ်

Comment #1
so nice,,,
myat lone hte hmar paw lwin lar aung yae tat lun de,
a khu lat shi phyit nay ta lo myo khan sar like ya de,
daw hma daw.