အမေ(ကျွန်တော်ရဲ့ သူရဲကောင်း)
ဆံဖြူတွေ ယှက်သန်း
သားကို လွမ်းတဲ့ အလွမ်း
တနင့်တပိုး ထမ်းထားရင်းနဲ့
ဖြူရတာလားအမေ ။
နံ့သာဖြူအဖွေးသာပေါ်
မျက်ရည်မြစ်တွေဖြာဆင်း
ရင်တွင်းက သောကပင်လယ်
သားကို မျှော်ရလွန်းလို့
လျှံကျတဲ့ အလွမ်းမျက်ရည်တွေရဲ့
စုရပ်လား အမေ ။
အရိုးတွေဖြိုင်ဖြိုင်ကျ
အကြောတွေထောင်ထောင်ထလဲ
သားဘ၀ကာကွယ်ဖို့
နှလုံးသားနဲ့ သွေး
သွေးစက်နဲ့ဆေးတဲ့
အမေ့လက်က
ဓါးတစ်လက်ထက်တော့ ထက်ပါတယ် အမေ ။
ဗုံးခင်တဲ့လမ်းလဲလျှောက်ရဲတယ်
ကန္တရသဲကြမ်းမှာလဲ အိပ်နိုင်တယ်
သံရည်ပူလဲ သောက်ရဲတယ်ဆိုပေမယ့်
သားအတွက်တော့လေ
စိန်စီတဲ့လမ်းခင်း
ဖဲနုမွေ့ယာပေါ်သိပ်
မေတ္တာရေကြည်တိုက်လို့ရယ်
အရာရာ ပြီးပြည့်စုံတဲ့ ဘ၀မှာ ထားချင်တဲ့ အမေ ။
ဒုက္ခတွေ ခါးစီးပြီးခံ
ခါးသီးခြင်းမိုးစက်တွေကြား
ကျောက်စလစ်ခင်းထားတဲ့လမ်းမှာ
ဖိနပ်မပါ ခြေဗလာနှင့်
ခြေဖ၀ါးမှာသွေးတွေ ယိုးစီးနေလဲ
သားဆိုတဲ့ အသိတစ်ခုနဲ့
ရှိသမျှအားအင်တွေသုံး
ရိုးသားခြင်းထီးတစ်လက်နှင့်
မာယာများတဲ့ လောကဓံကို ကြံကြံခံရင်း
လှပတဲ့ ဘ၀တစ်ခု သားမှာပိုင်ဖို့
အရာရာကို ရင်ဆိုင်ရဲတဲ့ အမေ ။
Comment #1
nice