ရင်ခွဲကြည့်ပြီးယုံ
ကံကြမ္မာဆိုတာ
atomတစ်လုံးလောက်ပေါ့
ဘာကြောင့်မို့ထားခဲ့တာလဲလို့ မမေးလိုက်ပါနဲ့
နုတ်ဆက်စကားတောင် မဆိုချင်ပါဘူး
ဆုမရဖူးတဲ့ အဂှုံးသမားဖြစ်၇င်တောင်
ခွဲခွာခြင်းဆုလာဒ်တွေ ဘယ်လိုချင်ပါ့မလဲ
ပြန်လာမယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့
မင်းဘ၀ကိုလှောင်မထားချင်ဘူး
အရာရာဟာမတည်မြဲပေမယ့်
ငါချစ်တာတော့မင်းတစ်ယောက်တည်းပါ
မသေချာတဲ့လောကကြီးမှာ
သေချာတာတစ်ခုတော့ ပြောပါရစေ
နှလုံးသားကိုဝေမကျွှေးဘူး
လသာတဲ့ညတိုင်း
နှိုင်းပြလို့မရတဲ့ဝေဒနာကို
မနေသာပဲခံစားရတယ်
ဒီသစ်စ္မ္စာစကားကို
အမှန်တရားလို့ မင်းမထင်ရင်
သံသရာတစ်ကွေ့မှာ
ပြန်ကာတွေ့မှ
နှလုံးသားနဲ့ သက်သေပြမယ်
ရင်ခွဲကြည့်ပြီးယုံ………..
Comment #2
love so much that read again.

Comment #3
yone hmar lar?
ma yone bu lar?
ma yone yin da ke loak like dot me naw,
😛

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
so nice