…..ရင်တွင်းကဗျာ 7
ကာရံကျန စကားလုံးလှပ
စာသား အနုအရွတွေနဲ့
နှလုံးသား ရှမဲ့
ကဗျာတစ်ပုဒ်
ဖန်တီးဖို့ငါ အဖြစ်မရှိဘူး…..
ငါရေးတဲ့ကဗျာ
နောက်ဆုံးခန်းမှာ
မင်းသမီးဗလာနဲ့
ကာရံမဲ့ စာသားအမှား
လက်တွေ အဖြစ်နဲ့ မခြားပါဘူး…..
ဘ၀ဟာ ကဗျာမဟုတ်ပေမဲ့
ကဗျာကို ဘ၀ထဲက ထုတ်တာဆိုတာ့
တစ်နေ့ (မင်း) သိမှာပေါ့
မလိုရင်ထား
လိုရင် ချနင်းသွားတတ်တာ
ငါ မဟုတ်ဘူး…..။။ ။။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ngar ma hote yin be thu le hin?
😛