အလွမ်းရင့်ရင့်
အလွမ်း ရင့်ရင့် …..
##############
ဆွေးရင်းနဲ့ ဝေး….
ဝေးရင်းနဲ့ ဆွေး….
ငါတို့ဘဝ တွေကို…..
ဘယ်အချိန်ထိအောင်……
မှင်ရည်ကျဲ နေဦးမှာလဲ…..
ကံကြမ္မာ ရယ်……..
ဟိုး…အဝေးက မြို့ငယ်လေးမှာ……
ငါ ချစ်ရတဲ့ သူတစ်ယောက်….
အခုချန်ဆို…..
နှင်းရည်စွတ်စို လမ်းမတွေမှာ…..
တစ်ယောက်ထဲပဲ ပျော်ဝင်ဖြတ်သန်းနေမလား……..
ရောက်ချင်ပေမယ့် …….
မနီးစပ်သေးတဲ့ ဘဝလှိုင်းရဲ့…….
လောကဓံက နိမ့်လိုက်မြင့်လိုက်……
ငါ့ကိုလည်း …….
တစ်ခါတစ်ခါ တွန်းထိုးပြီးတော့….
ကျီစယ်သွားသေး…..
လေမှာမျောတဲ့ အချစ်တွေနဲ့ ……
မင်းကိုငါ…….
လိမ်ညာမပြောခဲ့တာ…….
အိပ်တန်းပြန်တဲ့ ဆောင်းခိုငှက်တွေလည်းသိပါရဲ့…..
တိမ်တိုက်ကြားက တိုးထွက်နေတဲ့ …..
ကြယ်လေးတွေလည်း ရိပ်မိပါရဲ့……
ကောင်းချီးပေးဖို့ စောင့်နေခဲ့တဲ့……
ငွေလမင်းတောင် ….
မင်းရဲ့ အေးစက်စက် အပြုံးတစ်စုံကြောင့်……..
သူ့ရဲ့ လက်တစ်စုံကို …….
ပြန်သိမ်းဝှက် သွားခဲ့ရတယ်…..
ကောင်မလေး………
ငါ့ရဲ့ နှလုံးသားက…
ပွင့်ထွက်ခဲ့တဲ့ သွေးတစ်စက်က …..
မင်းရှိတဲ့ အရပ် မျှော်ကာငေးလို့………
ငါလေ မင်းနဲ့ဝေးတဲ့……
တံတိုင်းတစ်ဖက်က မင်းကို…….
အနိုင်းမဲ့စွာ ရူးသွပ်နေတယ်ဆိုတာ……
မင်းမြင်နိင်ပါ့မလား…..
ကောင်မလေး…..
မင်းရဲ့နုတ်ခမ်းဖူးက…….
ငါ့ကို အချစ်ဦးလို့မပြောချင်ရင်တောင်……
လက်ကျန် အချစ်နဲ့……..
နှစ်သိမ့်တေးလေး ဆိုပေးလှည့်ပါ……
ကောင်မလေး …………။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
harrrrrrrrrrr
lu ko sa ka lone tway ne a tay tat nay tar pe,, ;(
shin be lo lu g le? :O
daw daw yet sat de,, 🙁
tay loh ya de sa kar lone tway tate p ma tone par ne naw,