နောက်ဆုံးတော့လဲ…
မပိုင်လိုပါ
ဆိုင်သူသာဖြစ်ချင်ရုံလေး…
ငေးကြည့်ရုံစိတ်ကျေနပ်မယ်
ပျယ်အပြုံးရောင်မှေး…
ဝဋ်ကြွေးဆိုကြေပါတော့
ဖျော့တော့တော့သက်ဝိဥာဉ်မှာ
နာကျင်စွာဆွေး…
ဝေးတစ်သက်ဆိုရင်ဖြင့်လေ
ကြေစိတ်စဉ် သက်ပင်ကျိုးပျက်
ခက်ရချည်သေး….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒါတော့ ကောင်းတယ်
ကြိုက်တယ် …
ဝေးတသက် ဆိုရင်ဖြင့်လေ
ကြေစိတ်စဉ် သက်ပင်ကျိုးပျက် ဆိုတာက နည်းနည်းထောက်နေတယ် …
ပြင်လိုက်ရင် ပိုကောင်းမယ် …